Chapter 15.1

465 40 3
                                    

Uni

နှောင်း မျက်ဝန်းတွေပွင့်လာတာနဲ့ သံတိုင်တွေ မြင်လိုက်ရတာကြောင့် ဘယ်နေရာဆိုတာ အတိအကျသိသွားခဲ့တယ်။

ငါဘယ်ရောက်နေတာလဲ ဪ အချုပ်ခန်း တစ်နေရာပဲ ။ မ ရော အဆင်ပြေရဲ့လား ? လွမ်းလိုက်တာ ။

ရင်ဘတ်ထဲက တစ်ဆစ်ဆစ် ကိုက်နေတဲ့ အမည်မသိ ခံစားချက်ကြီးကြောင့် မျက်ရည်တွေ သွင်သွင်စီးကျလာခဲ့တယ်။အေးစက်နေတဲ့ ကြမ်းပြင်ပေါ်လှဲလိုက်မိတဲ့အထိကို လူးလှိမ့်နေအောင် ခံစားနေခဲ့ရတယ်။

မ နှောင်း ကို ခွင့်လွှတ်ပါ။ နှောင်း မ ကို သိပ်ချစ်လွန်းလို့ အဆုံးရှုံးမခံနိုင်လို့ပါ။ မ ကို ဒီအတိုင်းထားခဲ့ရမှာ စိတ်မချပေမဲ့ အတူတူလည်း မခေါ်သွားနိုင်ဘူး တောင်းပန်ပါတယ် မ ရယ်။ နှောင်း အစား အသက်ဆက်စေချင်တယ်။

နံရံတွေကြားထဲက လေမတိုးနိုင်ပေမဲ့ အခန်းထဲမှာ ထူးဆန်းစွာအေးစက်နေခဲ့တယ်လေ။ ပတ်ဝန်းကျင်တစ်ခုလုံးလည်း တိတ်ဆိတ်လို့ အရာရာ အကျည်းတန်နေခဲ့တယ်။

အေးစက်နေတဲ့ကြမ်းပြင်ပေါ်မှာ အထီးကျန်စွာလှဲ‌ လျောင်းရင်း မရေမတွက်နိုင်တဲ့ မျက်ရည်စက်တွေကို ဖန်တီးနေခဲ့မိတာတောင် ဘေးနားမှာ နှစ်သိမ့်ပေးမဲ့သူ တစ်စုံတစ်ယောက်ဟာ လစ်ဟာနေခဲ့တယ်။

ထိုစဉ် သံတိုင်တွေ အရှေ့မှာ လူတစ်ယောက်လာရပ်နေခဲ့တယ်။ မျှော်လင့်နေခဲ့တဲ့ သူ မဟုတ်မှန်း သိတဲ့အတွက် အထူးတလည် ထကြည့်ဖို့လည်း အင်အားလက်ကျန်တွေ မသုံးချင်တော့ဘူး။

"သျှင်နှောင်းခ ?ငါပြောတာကို ‌သေချာနားထောင်ပါ."

နှောင်းထင်ခဲ့တယ် သူရဲ့ ပြစ်ဒဏ်အတွက် သေချာတဲ့ အကြောင်းကိုလာပြောတယ်ပေါ့။ သူသေရဖို့အတွက်ပြင်ဆင်ပြီးနေခဲ့ပြီးသားပါ။ အဲ့ဒီ့အတွက် ဘာမှထပ်ပြီး ပြင်ဆင်စရာ မလိုအပ်တော့ပါဘူး။ ဒါပေမဲ့

"ယွန်းဝတီ .. ဆုံးပြီ "

"ဟမ် ? "

ကြားလိုက်ရတဲ့ စကားတွေကို မယုံနိုင်လို့ကောက်ကာငင်ကာ ထလိုက်မိတယ်။ အဲ့ဒီ့စကားဟာ နှောင်းကို ချက်ချင်း နှလုံးသွေးရပ်တန့်ပြီး သေသွားစေဖို့အထိ လုံလောက်ခဲ့တယ်။

Before I Die (BID)Where stories live. Discover now