Final Chapter 15.2

1.2K 57 10
                                    

Uni

အရာအားလုံး အစီအစဉ်တကျ လှလှပပ အဆုံးသတ်သွားတဲ့ ဒီဇာတ်လမ်းလေးလိုမျိုး တစ်စုံတစ်ယောက် ဟာ သူ့ဘဝကို အဲ့ဒီ့အတိုင်း အဆုံးသတ်ဖို့ မျှော်လင့်ခဲ့ပါတယ်။

"နှောင်း? ငါတော်တယ် မဟုတ်လား ? "

"………"

"ဟာ အဲ့ဒီ့လောက်ကြီး မမြှောက် ပါနဲ့ တကယ်ပါပဲ။ "

ယွန်း မေးလိုက်တဲ့ မေးခွန်းအတွက် အဖြေတစ်စုံတစ်ရာဟာ မရှိပေမဲ့လို့ သူမ အတွက်ကတော့ အမွှန်းတင်ပြီးဖြေကြားသံ ကိုကြားလိုက်ရသလို တစ်ယောက်တည်း ပြုမူနေခဲ့တယ်။

"ငါလေ ဒီဇာတ်လမ်းတစ်ပုဒ်လုံးကို ချမရေးပဲ အဆုံးသတ်နိုင်လိုက်တယ် ဆိုတာ ယုံတောင် မယုံနိုင်ဘူး။ အဲ့ဒါဘာလို့လဲ သိလား ? "

"………"

"ငါ့ဘေးမှာ နင်ရှိနေပေးနေလို့လေ ။ ကျေးဇူးတင်တယ်နော် "

အေးစက်နေပြီး မှောင်မဲနေတဲ့ အခန်းကျဉ်းလေးထဲမှာ ယွန်း တစ်စုံတစ်ယောက်ကို ကျေးဇူးတင်စကားဆိုနေခဲ့သော်လည်း ထိုအခန်းလေးထဲတွင် ယွန်း မှလွဲ၍ မည်သူမှ ရှိမနေပါ။

ဘုန်း ဘုန်း

"ဟိုအရူးမ ထမင်းလာစား "

‌ဖုန်တစ်စက်လေးတောင် ဝင်နိုင်ဖွယ်မရှိ အတိပိတ်ထားသော သံတံခါးကြီးကို တစ်စုံတစ်ယောက်က ထုပြီး စကားပြောလာသည်။ အောက်ဘက် အစာထည့်တံခါးပေါက် အသေးလေးထဲက စားစရာအချို့ ထည့်ပေးရင်းပေါ့။

ယွန်းဝတီ ရောက်နေတဲ့နေရာဟာ ။ စိတ်ကျန်းမာရေးဆေးရုံ အမည်တပ်ထားတဲ့ အကျဉ်းထောင် သက်သက်သာ ဖြစ်ပြီး နံရံပေါ်က တာလီတွေအရဆို ထိုအထဲကို ရောက်နေခဲ့တာ အခုဆို ခြောက်လလောက်ရှိရောပေါ့။

အရာအားလုံးက ဘယ်နေရာက စပြီးမှားသွားခဲ့တာလဲ? လွန်ခဲ့တဲ့ လ အနည်းငယ်လောက်ကို နောက်ကြောင်းကောက်ကြည့် လိုက်ရင် ရှင်းလင်း သွားလောက်မှာပါ။

မိန်းကလေးတစ်ယောက်

အမေတစ်ယောက်လုံး မျက်စိအရှေ့မှာတင် ဦးလေးဖြစ်သူစီက အဓ္ဓမကျင့်ဖို့ ကြံစည်နေတာကို မြင်လိုက်ရတဲ့ စိတ်သောက ကလည်း တော်ရုံမှမဟုတ်ပဲ။ အမေ့ကို ကာကွယ်ဖို့ အိုင်ထွန်းနေတဲ့ သွေးစိမ်းရှင်ရှင်တွေကို ကိုယ်တိုင် ဖန်တီးခဲ့ရတဲ့ အဖြူထည်သူမရဲ့ ခံစားချက်ကရော? ။

Before I Die (BID)Where stories live. Discover now