Chapter 3

642 56 0
                                    

Uni

နှောင်း ဒီနေ့နဲ့ ဆို ယွန်း အိမ်မှာနေတာ တစ်ပတ်ရှိပါပြီ။ယနေ့မတိုင်ခင်အထိ အမေ ဖြစ်သူက ပြန်ခေါ်ခြင်းမရှိသလို၊ အဖေ ဖြစ်သူကလည်းသတိပင်ရပုံမပေါ်။

နှောင်း ကိုယ်တိုင်ကလည်း မပြန်ချင်ပါဘူး။ ယွန်း နဲ့နေရတာ သူ့အိမ်မှာ နေရတာထက် အဆပေါင်းများစွာ နွေးထွေးတဲ့အတွက် ကြောင့်ပင်..။

ဒါပေမဲ့ အခုတော့ အရေးကိစ္စ တစ်ခုခု ရှိပုံပေါ်သည်။ အိမ်ရှေ့တံခါးကို ထုကာ နှောင်း အား အဆင်မပြတ်ခေါ်နေလေသည်..။

"နှောင်းခ! နှောင်းခရေ!.. "

" အန်တီရေ နှောင်းခ အိပ်နေတယ်.."

Computer software class က ပြန်လာက
ထည်းက အိပ်နေတာဖြစ်ပြီး ဆူညံသံတစ်ချို့ကြောင့် မြင်လွှာနှစ်ချပ် အနည်းငယ်ပွင့်လာတော့သည်။  တစ်နေ့တစ်နေ့ စာတွေပဲ လုပ်နေရတာ ပင်ပန်းတယ် ဆိုပြီး ညနေခင်းဘက် ကို ယွန်း အိပ်ခိုင်းခြင်း..။

"ငါနည်းနည်းလောက်လေး စိတ်ဆိုး ပြလိုက်တာနဲ့ ခြေလှမ်းတွေ စပျက်နေပြီ။ ခါတိုင်း သူဒီအချိန် မအိပ်ဘူး။ ‌ခဏ ခေါ်ပေး.."

ဒေါ်မေကြည်ရဲ့ "ငါသူ့အမေ" ဆိုပြီး ဩဇာသံ ပြင်းပြင်းကြောင့် မလွဲသာပဲ နှောင်းအိပ်နေသော နေရာစီ တိတ်တဆိတ် တိုးသွားလိုက်မိသည်..။

"နှောင်း? နှောင်း.ရေ? ထထ အန်တီ ခေါ်နေတယ်"

နှိုးသံကို ကြားတယ်။ နိုးလည်း နိုးနေ ပေမဲ့ ခေါင်းမာအားကြီးစွာ နှောင်း အိပ်ချင်ယောင် ဆောင်နေလိုက်မိသည်.။ ဘာအကြောင်းပြချက်ကြောင့် လာခေါ်တာမှန်းမသိပေမဲ့ သတိရ၍ မဟုတ်တာတော့ သေချာသည်..။

"အန်တီရယ် ဘာအကြောင်းများရှိလို့လဲဟင်?
ညီမလေး က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလို့ "

"ထွေထွေထူးထူး မဟုတ်ပါဘူး သူ့အဖိုးက English ဆရာကောင်းကောင်းနဲ့ ပေးတွေ့မယ်ဆိုလို့ လာခေါ်တာ .. ။ အေးပေါ့ဟယ် ။ တစ်ခါမှ မအိပ်ဖူးတဲ့လူက အိပ်တယ်ဆိုတော့ ဘုရားတွေ ဘာတွေတော့ ပွင့်ကုန်တော့မှာပဲ..။"

"အန်တီ ပေးအိပ်လို့လား ?? "

ဒါကတော့ ယွန်းနှုတ်ဖျားက ပြောမထွက်လိုက်မိသော မှန်သောစကားတစ်ခွန်းပါ။

Before I Die (BID)Where stories live. Discover now