Uni
ရှင်းလင်းနေတဲ့ အဝေးပြေးလမ်းမကြီးထက်မှာ အောင်ထက်တို့ ကားအပါအဝင် နောက်ထပ် ကားနှစ်စီးဟာ အမြန်ဆုံးအရှိန်နဲ့ တစ်နေရာကို ဦးတည်နေပါတော့တယ်..။
"ဆရာ ဘယ်လိုသိတာလဲ? သတင်းပေးတဲ့ သူရှိတာလား ?. အကယ်မို့ စနောက်နေတာဆိုရင်ရော?."
ဝေလင်းက gps ထဲက နေရာကို ကြည့်ပြီး အဲ့ဒီ့နေရာမှာ ဘာတွေ ရှိလဲ ဘယ်လိုနေရာတွေမှာ ပုန်းနိုင်သလဲ လေ့လာနေရင်း ကားမောင်းနေတဲ့ အောင်ထက်ကို မေးလိုက်သည်..။
"အင်း .သတင်းလှမ်းပေးတာ။ ညကြီးအချိန်မတော် ဘယ်သူမှ လှမ်းမနောက်ဘူး.။ အကယ်မို့ နောက်နေတယ်ဆိုရင် အဲ့ဒီ့ဖုန်းနံပါတ်ပိုင်ရှင်ကို ......
ငါကိုယ်တိုင် သတ်ပစ်မယ်.. "
ဝေလင်း အံ့ဩမိတယ် ။ သူ့ရဲ့ စီနီယာဖြစ်သူ အောင်ထက်ရဲ့ မူမမှန်တဲ့ ပုံစံကိုကြည့်ရင်းပေါ့.။ ခါတိုင်းထက် ပိုတက်ကြွနေပြီး အပြည့်အဝကို အာရုံစိုက်ထားတဲ့ပုံ..။
ဝေလင်း မသိစိတ်ထဲက အတွေးတစ်ခုကြောင့် မျက်နှာပေါ်မှာ ခပ်ယဲ့ယဲ့ အပြုံးလေးတစ်ခု ပေါ်လာခဲ့တယ်..။
နှောင်းခ ကို ဒီနေ့သေချာပေါက်ဖမ်းမိလိမ့်မယ်။ သေချာပါတယ် သတင်းပေးတဲ့ နေရာမှာ အတိအကျမရှိဘူးဆိုရင်တောင် အောင်ထက် မတွေ့တွေ့အောင် မြေလှန်ရှာတော့မယ် ဆိုတာ...။
……………...….…..…
"ငါ ငါ ဘယ်ရောက်နေတာလဲ.."
နှောင်း သာမာန်နဲ့ မတူပဲ စိမ်းသက်သက်နေရာတစ်ခုကို အတိအကျခံစားလိုက်ရတယ်.။ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်မှောင်မဲနေပြီး ပြောသမျှ စကားတိုင်းက ပဲ့တင်သံတွေ ထပ်နေခဲ့တယ်..။
"ဘယ်နေရာ..? မ!? မ ဘယ်မှာလဲ!? မ !! "
"ဟားဟား ငါ့ညီမကတော့ လုပ်ပြီကွာ.."
နှောင်း မကြားရတာကြာတဲ့ အသံတစ်ခုကို ကြားတာကြောင့် ထိုအသံရှိရာစီ ချက်ချင်း မျက်နှာမူလိုက်မိတယ်..။
နှစ်ပေါင်းများစွာ မတွေ့ရတဲ့ အကိုဖြစ်သူကို မြင်လိုက်ရတော့ နှောင်း ဝမ်းသာအားရနဲ့ ပြေးဖက်ခဲ့ပေမဲ့ အသားချင်းထိမရပဲ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားခဲ့တယ်..။
YOU ARE READING
Before I Die (BID)
Mystery / Thriller*ထွက်သက် မတိုင်မီ* ( before I Die) "နှောင်း ငှက်တွေကို သိပ်မုန်းတာပဲ မ ရယ်။ သူတို့က အတောင်ပံရှိတယ်။ လွတ်လွတ်လပ်လပ် ပျံသန်း နိုင်တယ်ဆိုပြီး နှောင်းကို လာလာလှောင် နေကြတယ်.." "နှောင်း ရယ်.. အဲ့ဒီ့ငှက်တွေ အမ ကိုပြစမ်းပါ . အမ မင်း နဲ့ပုံစံတူအောင် အတောင...