Chapter 5

555 47 0
                                    

Uni

အေးစက်လွန်းလို့ စောင်ရဲ့အကူအညီနဲ့
အနွေးဓါတ်လုပ်ယူနေရတဲ့ ညတစ်ညမှာ
ဒေါ်မေကြည် တစ်ယောက် တစ်ခါမှမကြား ဖူးတဲ့ အသံတစ်သံကြောင့် အိပ်ယာမှ အသာအယာ ထလာခဲ့မိတယ်.။

" လမင်း.. သော်တာ .. ရောင်ခြည်ဖြာ...အိပ်ပါ လူလေး.... မေ့ရင်သွေး.. ယီးလေးလေး‌ယေ ယီးလေးလေးယေ...."

ခပ်အက်အက် အသံနဲ့ ကျောချမ်းစရာ သား‌ချော့တေး  ဆိုသံ တွေရဲ့ အနောက် လေတိုးသံတွေနဲ့ ချမ်းစိမ့်စိမ့် အငွေ့အသက် တို့က လိုက်ဖက်ညီစွာ တွယ်ညိ ကပ်ပါလာခဲ့တယ်..။

အသံလာရာ အခန်းစီ သို့ ဒေါ်မေကြည် ခြေသံလုံ‌လုံ‌နဲ့ လျှောက်သွားမိလိုက်သည်။ ထိုအခန်းနှင့် နီးလေလေ အသံက ပိုသဲကွဲ လာလေဖြစ်ပြီး ပိုပြီး ကျယ်လာလေလေ ဖြစ်သည်..။

နှောင်း အခန်းနားရောက်တော့ အသံက အဲ့ဒီ့ အခန်းထဲက လာနေတာမို့ စေ့ထားတဲ့ တံခါးကို ခပ်ဟဟ လေးဖြစ်အောင် အသာလေး တွန်းကြည့်မိလိုက်တယ်..။

"........ "

ဒေါ်မေကြည် ပြောစရာစကားတွေပင် ပျောက်ဆုံးသွားလောက်အောင် အထိ အခန်းရှေ့ကြီးမှာ လှုပ်မရပဲ ရပ်နေခဲ့မိသည်..။ အကြောင်းကား..

နှောင်း မှာ သူ့ငယ်ငယ်ကထည်းက အဖော်ပြုခဲ့ရတဲ့ မှို့သွတ် အရုပ်ကလေးကို ရင်ခွင်ထဲပိုက်ကာ ငုတ်တုတ်ကြီး ထိုင်ပြီး ထို ကျောချမ်းစရာ သားချော့တေးတွေကို သီကျူးနေတာကြောင့်ပင်..။

ရှည်လျားလှတဲ့ ဆံနွယ်တွေဟာ ရှုပ်ထွေးပွေယှက် နေပြီး အိပ်ချင်နေတဲ့ မျက်လုံးတွေ မဟုတ်တာ အသိအသာပင်..။ သားချော့တေးတွေ ဆိုနေရင်း အခုငိုလိုက် တော်ကြာ ထရယ်လိုက်နဲ့ စိတ္တဇ ဝေဒနာ ခံစားနေရသူတစ်ယောက်လို..။

‌အတွေးလွန်နေတဲ့ ဒေါ်မေကြည် တစ်ယောက် နှောင်းရဲ့ ခပ်တိုးတိုးထွက်ပေါ်လာတဲ့ စကားပြောသံကို သေချာနားစွင့်လိုက်မိသည်..။

" အိပ်တော့နော်.. အိပ်တော့နော် အိပ်တော့နော် ဟီဟီဟီး အိပ်တော့လို့ အိပ်တော့နော် အိပ်... အ ဟား ဟားဟား ဟား အာ.. အိပ်! တော့!! လို့ !!!!"

အစက ပုံမှန်ပြော နေရင်းကနေ အရုပ်ကို မိုးပေါ်မြှောက်ပြီး ပြုံးကာ ပြောသည်.။ နောက်တော့ အရုပ်ကို ခြေထောက်ကနေဆွဲကိုင် ပြီး ကြမ်းပြင်နဲ့ ရိုက်ကာ အရူးတစ်ပိုင်းရယ်ပြီး ပြောလာသည်..။

Before I Die (BID)Where stories live. Discover now