Chapter 4

634 53 0
                                    

Uni

" ငါ့ကို မဆက်သွယ်ပါနဲ့လို့ ပြောခဲ့တယ် မဟုတ်လား။ .... အေး ငါဒုက္ခ‌တော ထဲ ရောက်နေလဲ အဲ့ဒါငါ့ ကိစ္စ ။ "

ယွန်း တစ်ယောက် မှန်ကြည့်ပြီး ဖုန်းပြောနေခဲ့မိပြန်သည်။ ဘာရယ်ကြောင့်မှန်းမသိ အဲ့ဒီ့ဖုန်းအသံကြားတာနဲ့ အလိုလို ဒေါသကထွက်လာသလို။

နောက်တစ်ခါ မဆက်သွယ်ဖို့ကို ပြောပြီး ချက်ချင်း အိမ်ရှေ့ပြန်ထွက်လာခဲ့မိလိုက်သည်။

"ဘယ်သူလဲ အမ?"

"အမ ex "

ယွန်းစကားကို ကြားပြီးနောက် နှောင်း သိသိသာသာ မျက်နှာပျက်သွားတာ ကိုသတိထားလိုက်မိတယ်..။

အမက ရည်းစားဟောင်းနဲ့ အဆက်အသွယ် ရှိသေးတာလား? အမ သူ့စီကို စိတ်ပြန်ပါသွားရင် ဘယ်လိုလုပ်မလဲ? အမ သူနဲ့ လက်ထပ်ပြီး ငါ့အနားကနေ ထွက်သွားရင်ကော.? မဖြစ်ဘူး ။
ငါနောက်ကျ သွားရင် သူများစီပါသွားလိမ့်မယ်။

ငါ ဒီလိုပဲ အမကို ဆုံးရှုံးခံနိုင်လား ? မဟုတ်သေးဘူးနော်။ ငါအခု ပြောမှ ဖြစ်မယ်.။

"အမလေ့ ဘုရားရဲ့!!"

နှောင်း သေချာအောင် ဆုံးဖြတ်ချက် ချပြီးတဲ့နောက် ဖုန်းကိုင်ထားတဲ့ ယွန်းရဲ့လက်တစ်ဖက်ကို ရုတ်တရတ် ဆွဲယူလိုက်ပြီး ကိုယ့်ရင်ခွင်နားအထိ လှမ်းဆွဲလိုက်တော့သည်..။

"အမ နှောင်း ကို စိတ်ဆိုးချင်လည်း ဆိုးပါ ။
နှောင်းပြောမှ ဖြစ်မဲ့ အရာ တစ်ခုရှိတယ်..။"

"အဲ့ဒါနဲ့ ပဲ ငါ့ကို ဒီလို ကြီး ဆွဲဆောင့်စရာလို....."

"အမကို သဘောကျတယ်"

ယွန်းရဲ့ စကားသံတွေ မဆုံးခင်မှာပဲ နှောင်းရဲ့ အသံတွေက ဖုံးလွှမ်းသွားခဲ့တယ်..။

"ငါလည်း နင့်ကို သဘောကျပါတယ်.. ဒါပေမဲ့ ဘာလို့ ရုတ်တရတ်ကြီးလဲ?.."

"မှားနေပြီ အမကို ချစ်သူလို သဘောကျတာ အစ်မ တစ်ယောက်လိုမဟုတ်ဘူး.."

ယွန်းရဲ့ အထင်လွဲမှုကို နှောင်း‌နှေးခြင်းမရှိပဲ ဖြေရှင်းပြီးတဲ့နောက် ပတ်ဝန်းကျင်က တိတ်ဆိတ်ခြင်းနှင့်သာ အဆုံးသတ်သွားတော့သည်။

Before I Die (BID)Where stories live. Discover now