Chapter 6

546 45 0
                                    

Uni

"သွားပြီ အမရေ ! နှောင်းကို ကယ်ပါအုံး ! "

ယွန်း တကယ်ကို သေချင်စိတ်ပေါက်နေပါပြီ။ နှောင်း ကလည်း ‌ငယ်သေးတော့ ဘာမှက်ိုသေချာမတွေးနိုင်ပဲ ယွန်းကိုသာ အပူကပ်နေတာကိုး။

ရဲခေါ်မယ် တကဲကဲ လုပ်နေပေမဲ့ တကယ်တန်းရောက်လာတော့ ဘာလုပ်ရမှန်းမသိတော့ သလို လက်ဖျား ခြေဖျားတွေလည်း အေးစက်လို့ ။

" အမ? နှောင်းတို့ ထွက်ပြေးရအောင်.."

"ဟမ်..? "

"ထွက်ပြေးရအောင်လို့ . လာ ထ . မြန်မြန်! "

ပြောတာကို မကြားသလို နားမလည်သလို လုပ်နေတဲ့ ယွန်းကို နှောင်း လက်ကနေ ဆွဲခေါ်ပြီး ထွက်ပြေးဖို့ ထလိုက်မိတယ်..။

ကိုယ်လည်း ထောင်အကျမခံနိုင် သလို မ ကိုလည်း ထွက်သွားခွင့်မပေးနိုင်ဘူး.။ သေတဲ့လူလည်း သေနေပြီ ဆိုတော့ ဆွေးနေလည်း အပိုပဲ ။

အသက်ရှင်နေတုန်းကလည်း ကြင်နာတာမှ မဟုတ်တာ.။ သေတော့လည်း ဝမ်းနည်းစရာဘာရှိလို့လဲ.။ အဲ့ဒီ့တော့ ကိုယ့်ကို ကြင်နာတဲ့သူကို အတတ်နိုင်ဆုံး ကာကွယ်မယ်.။

ဘယ်လိုအခြေအနေဖြစ်ဖြစ် ဘယ်ဘဝပဲ ရောက်နေပါစေ ကိုယ့်အနားက ထွက်သွားခွင့်ပေးမှာမဟုတ်တာကြောင့် ဒီဆုံးဖြတ်ချက်ကို ချလိုက်မိတာ..။

" နှောင်း နင် ရူးနေလား ?."

"ဟုတ်တယ် ရူးနေတာ! လာလို့ အချိန်မရှိဘူး ထ!!"

"တစ်မှု ပေါ် နှစ်မှု ဆင့်အောင် မလုပ်နဲ့ နှောင်း!"

" အထဲက အိမ်ရှင်တို့ တံခါးမဖွင့်ပေးဘူးဆိုရင် ကျွန်တော် တို့ အင်အားသုံးရပါလိမ့်မယ်..."

အထဲမှာ ယွန်း နဲ့ နှောင်း စကားအခြေတင် ဖြစ်နေတုန်း အပြင်ကို ဧည့်သည် တွေကို ခဏမေ့သွားပုံ။

ဒီအတိုင်းပြောတာ တံခါးဖွင့်မပေးကြတဲ့နောက် သက်ဆိုင်ရာ လူအချို့ကလည်း အင်အားသုံးပြီး တံခါးကို ကန်ဖွင့်နေကြတော့သည်..။

"ဘုန်း!!  အုန်း! အုန်း!

"မတတ်နိုင်တော့ဘူး.."

နှောင်းအပြင်ကအသံတွေကို ကြားတော့ တီးတိုးသံ တစ်ခုကို ရွတ်ဆိုလိုက်ပြီး။ အခုထိ တုတ်တုတ် မလှုပ်တဲ့ ယွန်းလက်ကို အတင်းဆွဲကာ အိမ်အနောက် အရေးပေါ်လှေကား ရှိရာကို အသည်းအသန်ပြေးလေတော့သည်..။

Before I Die (BID)Where stories live. Discover now