Chapter 7

463 47 0
                                    

Uni

"ည" အိမ်ရာ အနီးတစ်ဝိုက်တွင်ဖြစ်သည်..။

ရဲကား အချို့ အပြင် ကြည့်ရှူသူ အချို့လည်း ရှုပ်ထွေးလျှက်..။

"ဟဲ့ ဘယ်ဖြစ်တာလဲ.."

"မသိပါဘူးအေ.. ကားထဲကနေ taxi သမားကို သတ်ပြီး လမ်းဘေး ပစ်သွားတာပဲ.။ အဲ့ဒါ လူသတ်သမားတွေက အဲ့ဒီ့ ကားနဲ့ ထွက်ပြေးသွားတယ်ဆိုပဲ.။"

........... A few hours ago.........

"ဦးလေး သမီး ညွှန်တဲ့ နေရာမောင်းပေးပါ.."

"နှောင်းခ ? ငါတို့ ဘယ်လိုလုပ်ကြမလဲ?။ မဖြစ်ဘူးနော် ငါကြောက်တယ်နှောင်း.။ နောက်မကျသေးပါဘူး ။ ပြန်သွားရအောင်နော် နှောင်းနော် "

"မ ?.. မ နှောင်း ကို မယုံဘူးလား?။ နှောင်းကို အရာအားလုံး ဆုံးရှုံးရအောင်လုပ်မလို့လား? "

"မင်း ဘာလို့ အရမ်းတည်ငြိမ်နေရတာလဲ နှောင်းရယ်..။"

ကားနောက်ခန်းက စကားပြောသံအချို့ကို နားစွင့်နေတဲ့ taxi သမား ဦးလေး ကြီးကို ယွန်း တော့ မှတ်မိပုံမပေါ်..။

ယွန်း အိမ်ပြောင်းတုန်းက လိုက်ပို့ ပေးတဲ့ taxi သမား ဦးလေး ကတော့ ယွန်းကို အတပ်မှတ်မိနေသည်။ အဘယ်သို့ဆိုသော် ယွန်း သူငယ်ချင်း ၏ သတိပေးစကားကြောင့်ပင်..။

ယွန်းက သူ့ဦးလေး အရင်းကို ပြန်သတ်လို့ ထောင်ကျဖူးတယ်။ စိတ္တဇ ဆန်နေတဲ့ စာရေးဆရာမ လိုက်ပို့ရင် သေချာသတိထားဖို့ မှာလိုက်တာကြောင့်..။

အိမ်ပြောင်းတုန်းက လည်း ကားပေါ်မှာ ကရားရေလွှတ်သလို ရှေ့နောက်မညီတဲ့ စကားတွေ တောက်လျောက်ပြောနေခဲ့တာ.။ အခုလည်း ထူးဆန်းတဲ့ စကားသံတွေ ကြားနေရပြန်ပြီ။

ဆိုတော့ ဦးလေး ကြီးလည်း သူ့ညဏ်ရည်နဲ့ တွေးမိသလောက်ဆို မကောင်းတာ တစ်ခုခု ဖြစ်လာလိမ့်မယ် ဆိုတာ သိနေလို့ ယွန်းတို့ စကားတွေကို သေချာနားထောင်ပြီး သက်ဆိုင်ရာကို မသိမသာ ဆက်သွယ်ခဲ့တယ်..။ ရုတ်တရတ်...

"ကားရပ်ပေးပါ.."

"ဒီနေရာမှာ ရပ်ရမှာလား လမ်းလည်ခေါင်...."

" ခင်ဗျား မသေချင် ရင် ရပ်လိုက်လို့ပြောနေတယ်နော်.."

မိမိလည်ပင်းပေါ်ကို ထူးဆန်းတဲ့ အထိအတွေ့ကြီးရောက်လာတာကြောင့် အဲ့လမ်းအလည်မှာပဲ ကားထိုးရပ်လိုက်ရတော့တယ်..။

Before I Die (BID)Where stories live. Discover now