Uni
"ok CCTV အရဆိုရင် ကားက အိမ်ရာထဲမှာ အကြာကြီး မနေသွားဘူး.။ ဒီလောက်ဆို သွားမဲ့ လမ်းကြောင်းတွေ ခန့်မှန်းလို့ရမယ် ထင်ပါတယ်"
အောင်ထက် တစ်ယောက် နေ့ဆိုလည်း နေ့မို့လို့ ညဆိုလည်း ညမို့လို့ အမှုနှစ်ခုကို အသည်းအသန်လိုက်နေရသည်..။
အခုလည်း ညနက်ကြီး အချိန်မတော် laptop တစ်လုံးနဲ့ CCTV မှတ်တမ်းတွေကို stick နဲ့ ကူးယူလာပြီး ဖြေရှင်းချက်ထိုင်ထုတ်နေလေရဲ့။
လင်မယားသေဆုံးမှုကနေ စုံစမ်းကြည့်တော့ သူတို့ရဲ့ သမီးဖြစ်သူပျောက်ဆုံးနေတယ်။ သမီးဖြစ်သူရဲ့ပုံက ည အိမ်ရာ အခင်း က သက်ဆိုင်သူ တစ်ဦးနဲ့ ဆင်တူနေတယ်.။
ဘေးအခန်းက မိန်းကလေးလည်း ပျောက်ဆုံးနေပြီး အချိန်အားဖြင့်တူညီနေတယ်။ ည အိမ်ရာ အခင်းမှာ ကလေးလေး ပြောတဲ့ နောက်တစ်ယောက်က သူဖြစ်နိုင်တယ်.။
ဒေသခံတွေ ပြောကြားချက်အရ ဆိုရင် မိန်းကလေးချင်း ချစ်ကြိုက်မိကြတာကို လက်မခံနိုင်လို့ ဒီလို အမှုအခင်းတွေ စဖြစ်လာတယ်ထင်တယ်။
"ဒီဘက်က main လမ်းမကြီး လမ်းခွဲတွေများပေမဲ့ ဆက်သွားရင် highway..။ highway ဆိုမိဖို့ သေချာလောက်လား?.။ ကြားလမ်းတွေရွေးလောက်မလား..? No မီးပွိုင့်ကြောင့် ရွေးမှာမဟုတ်ဘူး..။
ဟား....."
အောင်ထက် မိမိ ဆံပင်တွေကို လက်နဲ့တစ်ချက်ဖွပစ်လိုက်ပြီး ဆိုဖာပေါ် လှန်ချလိုက်တော့တယ်..။
"အာ........ ပင်ပန်းလိုက်တာ......"
ပျင်းရိခြောက်သွေ့နေသော အသံနက်ကြီးနဲ့ ညီးငြူ ပြီးသည့်နောက် အိပ်ချင်လာသော မိမိ မျက်လုံးများကို တားဆီး ရန် coffee ခါးခါး တစ်ခွက် ထဖျော်ရတော့မည်..။
Beep.... Beep.... Incoming call.
"ညကြီးအချိန်မတော် ဘာလဲကွာ.."
ဖုန်းဝင်လာလို့ အောင်ထက် နာရီကြည့်လိုက်မိတဲ့အခါ အချိန်က နှစ်ချက်တီးကို ကျော်လွန်လို့ သွားနေပြီ..။
"ဘာ!?.. ငါအခုလာခဲ့မယ်..."
*လွန်ခဲ့သော နာရီပိုင်းလောက်က......
အဝေးပြေးလမ်းမအနားက ABC store တစ်ခုတွင်ဖြစ်သည်...။
YOU ARE READING
Before I Die (BID)
Mystery / Thriller*ထွက်သက် မတိုင်မီ* ( before I Die) "နှောင်း ငှက်တွေကို သိပ်မုန်းတာပဲ မ ရယ်။ သူတို့က အတောင်ပံရှိတယ်။ လွတ်လွတ်လပ်လပ် ပျံသန်း နိုင်တယ်ဆိုပြီး နှောင်းကို လာလာလှောင် နေကြတယ်.." "နှောင်း ရယ်.. အဲ့ဒီ့ငှက်တွေ အမ ကိုပြစမ်းပါ . အမ မင်း နဲ့ပုံစံတူအောင် အတောင...