Chapter 1

884 73 0
                                    

Uni

နှောင်း တစ်ယောက် သူ့ကောင်မလေး
ချိန်းဆိုတဲ့နေရာကို ခဏတွင်းချင်းပဲ ရောက်လာပြီး တွေ့တာနဲ့ စက်ဘီးပါပစ်ချ ကာ ပြေးဖက်လိုက်တော့သည်..။

"လွမ်းလိုက်တာ.. မိုးရယ်.. ဘယ်လိုများ ပစ်ထားရက်တာလဲ.."

"ငါတို့ ပြတ်ကြမယ်.."

မိမိတစ်ကိုယ်လုံးကို တင်းနေအောင် ဖက်ထားတဲ့ နှောင်း အားတွန်းထုတ်လိုက်ပြီး လမ်းခွဲစကားဆိုလာသည်..။

"ဘာလို့လဲ.. ငါနင့်ကိုသေလောက်အောင်ချစ်တာ နင်လည်း သိရဲ့သားနဲ့!! ဟင့်အင်း ပေါက်ကရတွေမပြောနဲ့ မပြတ်ပေးနိုင်ဘူး.."

"အပိုတွေလာမပြောနဲ့!! ပါးစပ်ကသာ ချစ်တယ်ချစ်တယ်နဲ့ ငါ့ကိုဘယ်နှခါများ အချိန်ပေးဖူးလို့လဲ.. ငါ့အကြောင်းနင်ဘယ်လောက်သိပြီးလို့လဲ.."

"ငါမှမအားတာ!!!! ငါရတဲ့အချိန်တိုင်းနင့်ကို မပေးလို့လား!!!! "

အဲ့အချိန်မှာပဲ နှောင်း ကောင်မလေး ပုခုံးကို တခြားယောက်ျားလေး တစ်ယောက်က လှမ်းဖက်လိုက်တယ်။

ထိုမြင်ကွင်း သည် နှောင် ရင်ထဲ လုံးဝ မချိမဆံ့။ ‌မိမိ ကောင်မလေး စီက ဖြေရှင်းစကား တစ်ချို့ကို သာ ကြားရရန် တိတ်တဆိတ် မျှော်လင့်နေမိတော့သည်။

"ငါ အသစ်ရနေပြီ သူက ငါ့ကို အချိန်ပေးတယ်။ ငါလိုအပ်တဲ့ အချိန်တိုင်း အနားမှာ ရှိနေပေးတယ်။ ငါလိုချင်တဲ့ ဂရုစိုက်မှုနဲ့ အရာအားလုံးကို သူပေးနိုင်တယ်..။ "

"‌ဪ မိုးရယ် ငါကရော? ငါကရော မပြိုလဲနိုင်ဘူး ထင်နေတာလား ? ငါရော နင့်ကို မလိုအပ်ခဲ့ဘူးလို့ ထင်နေတာလား?

နင့်ကို ငါ့လောက်ချစ်တာ ငါပဲ ရှိတယ်. ငါ့ထက်ပိုချစ်နိုင်တဲ့သူ မရှိဘူး!!

အချိန်လေးတစ်ခု အဲ့ဒါလေးပဲ လိုအပ်တာပါ.."

"အချိန်မပေး နိုင်ရင် မချစ် နဲ့လေ .. "

နှောင်း ရဲ့ အေးစက်စက် အကြည့် တွေက အသံလာရာ လူစီ တန်းခနဲ့ ရောက်သွားတော့သည်.။

ကိုယ့်ကောင်မလေး ပခုံးပေါ်ကို ပိုင်စိုးပိုင်နက် နဲ့ လက်တင်ထား ကထည်းက ထထိုး ချင်နေတာ ။ ပိုအရေး ကြီးတဲ့ အရာကို ‌ဖြေရှင်းနေလို့ လွှတ်ပေးထားတာ ကို စောင်း လာကြွနေတယ်.။

Before I Die (BID)Where stories live. Discover now