Episode 19

214 26 4
                                    

Unicode

စတင်ခါနီးအချိန်ထိ Renjun ဘေးက မခွာနိုင်တဲ့သူ့ကို Mark hyungက ပခုံးကို လာပုတ်ရင်း ဖယ်ပေးရတော့မည်ဖြစ်ကြောင်း သတိပေးလေသည်။

Jaemin ဆုပ်ကိုင်ထားတဲ့ Renjun လက်ကလေးကို လွှတ်လိုက်ရင်း ကုတင်နဲ့ မနီးမဝေးတစ်နေရာမှာ ရပ်နေလိုက်သည်။ Mark hyung ကတော့ သူ့ဘေးမှာ တူတူရပ်နေသည်။

Kai hyung ကတော့ RenJun ကုတင်ဘေးက ခုံမှာဝင်ထိုင်ရင်း နည်းစနစ်တွေအတိုင်း စတင် လုပ်ဆောင်လေသည်။ Kun hyung ကတော့ Kai hyung ဘေးနားမှာ ရပ်ကာ လိုအပ်သည်များကို ကူညီပေးလေသည်။

အဆင့် ၁၀ ဆင့် လုပ်ဆောင်ရမည်ဖြစ်ပြီး Kai hyung က တစ်ဆင့်ချင်းစီ သေချာ လုပ်ဆောင်လေသည်။ အဆင့်တစ်ဆင့် အောင်မြင်စွာပြီးမြောက်တိုင်း ဝမ်းသာရသလို အဆင့်တွေ ပိုမြင့်လာလေ နာကျင်မှုကို ပိုခံစားရလေမို့ စိတ်ပူရပြန်သည်။

Jaemin ဖတ်ဖူးတဲ့စာထဲ ရှင်သန်လှုပ်ရှားနေတဲ့သူထက် မေ့မျောနေတဲ့သူက အခုလို လုပ်တဲ့အခါ ပိုနာကျင်ရတယ်ဆိုတဲ့အကြောင်း ခေါင်းထဲရောက်လာတဲ့အခါ Renjun အဆင်ပြေပါ့မလား စိုးရိမ်နေမိသည်။

ကျန်တဲ့ကိုးဆင့်အဆင်ပြေတောင် နောက်ဆုံးတစ်ဆင့်ကျရင်တော့ နာကျင်မှုက မီးစတွေနဲ့ ထိုးသလိုဖြစ်လာမယ်တဲ့။ တကယ်ပဲ နောက်ဆုံးအဆင့်ရောက်ချိန် Jaemin, Renjun ရဲ့ မျက်နှာလေးကို ငေးကြည့်တော့ ချွေးတွေနဲ့ နာကျင်မှုခံစားနေရတဲ့ အရိပ်အယောင်မို့ ပြေးပြီး ပွေ့ဖက်ချင်လိုက်ပေမဲ့ စည်းမျဥ်းတွေကို ထိန်းရမည်မလား။

Renjun တစ်ခါ ထအော်တိုင်း Jaemin နှလုံးသားကို မီးစနှင့်ထိုးသလိုပင်။ ရုတ်တရက် စိတ်လွတ်ပြီး အပြေးသွားဖို့လုပ်ချိန် ဘေးနားက Mark hyung က လက်ကို ချုပ်ကိုင်ကာ အချိန်မီ တားလေသည်။

တော်သေးပါရဲ့ Mark hyung သူ့ဘေးရှိနေလို့ မဟုတ်ရင် နောက်ဆုံးတစ်ဆင့် ကျန်ကာမှ သူစိတ်မထိန်းနိုင်တဲ့ အခိုက်အတန့်ကြောင့် အရာရာ နှောင့်နှေးသွားရတော့မည်။ Jaemin စိတ်ကို တဖြေးဖြေး ပြန်စုစည်းကာ ကုတင်ပေါ်မှာ နာကျင်မှုကို ခံစားရင်း အော်ဟစ်နေသော Renjun ကို မျက်ရည်တွေနဲ့သာ ငေးကြည့်နေမိသည်။

Sunbae [JaemRen]Where stories live. Discover now