ကိုယ်တို့ ၂ယောက် ဘယ်တော့မှ အရင်လို ပြန်အဆင်ပြေမာလဲ Jeon
"Jungkook ကိုယ် အခန်းထဲဝင်လာမယ်"ဆိုပီး jimin တယောက် Jungkook အခန်းထဲ ဝင်သွားလေသည်
ထင်ပါတယ် Jeon တယောက် မျက်နှာက ဒဏ်ရာတွေကို ဆေးမလိမ်းဘဲ ခုတင်ပေါ်မာ ဂိမ်းထိုင်ဆော့နေလေရဲ့ ခက်ပါချည်ရဲ့ Jeon ရယ်
Jeonမျက်နှာလှလှလေးမာ အမာရွတ်များဖစ်သွားခဲ့ရင် ကိုယ် ရင်ကျိုးရချည်ရဲ့"JungKook ဘာလို့ဆေးမလိမ်းဘဲ ဂိမ်းဆော့နေတာလဲ"ဆိုပီး ကျွန်တော်မေးတော့ သူပြန်ကြည့်လာတဲ့အကြည့်က ကြောက်စရာကြီး ကိုယ်ဘာတွေ အမှားလုပ်မိပြန်ပီလဲ မသိပါဘူး
"ဟက် ဘာလို့ ကျွန်တော်အခန်းထဲ ဝင်လာရတာလဲ"
"ကိုယ်မဝင်ခင် ခွင့်တောင်းသေးတယ် အဲဒါကြောင့်ပါ"
"ခင်ဗျားဟာလေ တကယ့်လူပဲ စောက်မှတ်ကိုမရှိတာနော် ကျွန်တော် ခင်ဗျားမျက်နှာ မြင်ရရင် စိတ်ရှုပ်တယ်လို့ ဒီလောက် ပြောထားတဲ့ကြားက အမှတ်မရှိချက်က"ဆေးဘူးလေးကိုင်ထားတဲ့ လက်ကလေး တုန်ယင်သွားတယ် ဆိုတာ Jeon တယောက်တော့ မသိခဲ့ပါဘူး
"ကိုယ် မျက်နှာမမြင်ချင်ရင် ဆေးလိမ်းလိုက်နော် အမာရွတ်ပျောက်ဆေးလဲ လိမ်းအုန်းနော် Jungkook
ဟိုဟာ... အဲဒါဆို ကိုယ်သွားလိုက်အုန်းမယ်နော် "Jeon အခန်းထဲက ပြန်ပီး ကိုယ့်အခန်းထဲ ဝင်ပီး
ခုတင်ပေါ် ခြေပစ်လက်ပစ် လှဲချပစ်လိုက်တယ်
ဘာလို့ ကိုယ့်ကို အဲလောက် မုန်းနေတာလဲ jeonရယ်
အတွေးတွေများနေတုန်း တံခါးခေါက်သံကြားလို့ သွားကြည့်တော့"ဒေါက် ဒေါက်"
"ကျွီ"
" အကိုလေး jimin ဥက္ကဌကြီးက သူ့အခန်းထဲလာဖို့ ခေါ်ခိုင်းလိုက်လို့ပါ"
"အင်း သွားလိုက်မယ် "
ဒေါက် ဒေါက်
"Daddy ကျွန်တော့်ကို ခေါ်တယ်ဆို"
" jimin daddy သားကို တောင်းဆိုစရာလေးရှိလို့
သားနဲ့ Jungkook ကို daddy လက်ထပ်ပေးချင်တယ် "