ဥက္ကဌ Jeon လဲ အဒေါ်ကြီးနဲ့ ဖုန်းပြောပီးတာနဲ့ ဟန်ဆောင်းဆေးရုံကို ထွက်လာလိုက်တယ်
တလမ်းလုံးလဲ Jungkook ဆီကို ဖုန်းဆက်နေပေမဲ့ စက်ပိတ်ထားတယ်ချည်း ပြောနေတာကြောင့် ဒေါသတွေက ထွက်လာရပြန်ပီ
ဒီကောင် ကတော့ jiminအခြေအနေကို အတိအကျသိချင်လို့ မေးမလို့ကို ဖုန်းကစက်ပိတ်ထားတော့ ဘယ်လိုမှကို မေးလို့မရဘူး
အဒေါ်ကြီးကလဲ ဘာမှသေသေချာချာမသိတော့
ဆေးရုံလာတဲ့လမ်းတလျှောက်လုံး စိတ်ကပူပီးရင်း ပူလာရတယ်ဟန်ဆောင်းဆေးရုံကိုရောက်တော့ reception မာ Jimin နာမည်မေးလိုက်တော့ သူနာပြုလေးတယောက်က Jimin ရဲ့အခန်းထဲကို လိုက်ပို့ပေးလေရဲ့
မျက်နှာတခုလုံးဖြူဖပ်နေတဲ့ Jimin ကိုတွေ့လိုက်ရတယ်
Jimin ရဲ့ဘေးမာ အဒေါ်ကြီးက လက်ကလေးကိုကိုင်ပီး ပါးစပ်ကလဲ ပွစိပွစိ ရွတ်နေသေးတယ်
"အဒေါ်ကြီး"
"ဥက္ကဌကြီး ရောက်လာပီလား"
"Jungkook ရော ဒီမာ သူ့ယောကျာ်းဒီလောက် အသည်းအသန်ဖစ်နေတာ သူက ဘယ်မာလဲ"
"အကိုလေး Jungkook နဲ့ အကိုလေးjimin မနေ့က ရန်
ဖစ်တာလား မသိဘူး စကားများနေကြတာတော့ ကျွန်မကြားတယ်
စကားများပီး အကိုလေး jungkookက အပြင်ထွက်သွားတာ
ခုထိ အဆက်အသွယ်မရဘူး
ဖုန်းဆက်တော့လဲ စက်ပိတ်ထားသေးတယ်လို့ပဲ ပြောနေလို့
အုပ်ထိန်းသူလက်မှတ် ကို ထိုးဖို့ ဆက်သွယ်တာတောင် ဖုန်းဆက်လို့မရလို့ ကျွန်မပဲ ထိုးပေးလိုက်တယ် ""အဒေါ်ကြီး တာဝန်ကျေပါတယ်"
"မဟုတ်တာ တာဝန်အရဆိုတာထက် ဒီကလေးလေး၂ယောက်ကို တူလေး သားလေးလို သဘောထားပီး လုပ်ခဲ့တာပါ"
"ဒါနဲ့ သား Jimin အခြေအနေက ဘယ်လိုနေလဲ"
"ဆေးရုံရောက်ခါစက သွေးပေါင်ထိုးကျသွားလို့ ဆရာဝန်တွေမနည်း အသက်ပြန်လုရတယ်ေပြာတယ် ကျန်တဲ့အသေးစိတ်ကိုတော့ ဆရာဝန်က အကိုလေး Jimin ရဲ့ခင်ပွန်းနဲ့ စကားပြောချင်တယ်ပြောတယ်"
"အဲ့ကောင်က ဘာအချိုး ချိုးသွားတာလဲ
ဒီလောက် အသည်းအသန်ဖစ်နေတဲ့ လူနာကို ထားပီး ဘယ်နေရာကို သွားနေတာလဲ မသိဘူး တောက်
ဖုန်းဆက်လို့လဲ မရဘူး "