Part 26

1.6K 114 7
                                    

ငြိမ်သက်နေသော ကားလေးထဲမာ အတွေးကိုယ်စီနဲ့လူ2ယောက်

ကားမောင်းပီး သိပ်မကြာဘူး အိမ်ကိုပြန်ရောက်လာတော့
Driver seat မာထိုင်နေတဲ့ Jeon Jung Kook က
ကားပေါ်ကနေဆင်းပီး lover seat မာထိုင်နေတဲ့ Jimin ကို အတင်းဆွဲခေါ်တော့တယ်

Jimin ရဲ့လက်ကောက်ဝတ်ကို အတင်းဆွဲပီး အိမ်ထဲကို ဒေါသတကြီးဝင်လာတဲ့ Jung Kook ကိုတွေ့တော့ အဒေါ်ကြီး
တအားလန့်သွားတယ်
"အကိုလေး Jimin "

အကိုလေး Jimin ရဲ့ မျက်နှာတခုလုံးဖူးယောင်နေပီး ပါးဖောင်းဖောင်းလေးတွေပေါ်မာ လက်၅ချောင်းရာ ပေါ်နေတယ်
ပီးတော့ လက်မောင်းကနေ သွေးတွေက စီးကျနေပီး မျက်နှာတခုလုံး ဖြူဖက်နေရောပဲ

အိမ်တံခါးဝမာ ရပ်နေတဲ့ အဒေါ်ကြီးကို ကျော်ပီး
Jimin လက်ကို ဆွဲပီး အိပ်ခန်းထဲ အတင်းထိုးထည့်ခဲ့တယ်

"လာစမ်း Park Jimin "

"အာ့ နာတယ် Jeon "

"ပါးစပ်ပိတ်ထားစမ်း ဟင် ယောက်ျားလေးဖစ်ပီး တခြား ယောက်ျားလေးတယောက်ကလိုချင်လာအောင် မင်း ဘာတွေ သွားမြူဆွယ်နေတာလဲဟမ်
ငါသာ ရောက်မလာခဲ့ရင် အဲ့ချိန် ဘာဖစ်သွားမလဲဆိုတာ မင်းရဲ့ ထက်မြက်ပါပေ့ဆိုတဲ့ ဦးနှောက်နဲ့ တွေးကြည့်စမ်း"

"ကိုယ်ဘာမှ မမြူဆွယ်ဘူး မြူဆွယ်တယ်ဆိုတဲ့ စကား မသုံးပါနဲ့ Jeon ရယ် သူက တွေ့ပီး ဆွေးနွေးစရာ ရှိတယ်ပြောလို့ ကိုယ် သွားတာပါ
ကိုယိအစ မသွားဘဲနေမလို့ပါ ကိုယ့်အတွင်းရေးမှူး ကိုအစားသွားခိုင်းတာ အဲဒါသူက သူ့အမေနေမကောင်းဘူးလို့ ကိုယ့်ကို ဖုန်းဆက်လို့ ကိုယ်မတတ်သာပဲ သွားတွေ့ရတာပါ "

"ခု ခင်ဗျားစကားကို ယုံခိုင်းနေတာလား"

"ဟင် "

အရမ်းချစ်လွန်းလို့ အစစအရာရာ လိုက်လျောပေးခဲ့တာပါ
အစစ အရာရာ အလျော့ပေးခဲ့ပေမဲ့ ကိုယ့်ကိုကိုယ့်ထက် ယုံကြည်လေးစားခဲ့ပေမဲ့ Jeon ဘက်ကတော့ အဲလို မဟုတ်ဘူး ထင်ပါရဲ့ ကိုယ့်ကို အမြဲ အထင်သေးပီး ယုံကို မယုံခဲ့တာပဲ

"တောက် Park Jimin ခင်ဗျားမျက်နှာကို ပြင်လိုက်စမ်း
ယောကျာ်းဖစ်ပီး ပျော့ညံလိုက်တာလဲ လွန်ပါရော
တခုခုဆို မျက်ရည်လေး တစမ်းစမ်းနဲ့ အဲလိုအချိုးတွေကြောင့် ခင်ဗျားကို လူတကာက အနိုင်ကျင့်ချင်နေတာ "

JeonWhere stories live. Discover now