Part 43

2K 141 25
                                    

မျက်လုံးချင်းဆုံမိတဲ့ အခိုက်အတန့်လေး

"Hyung "

"Jeon အာညီး ‌Jung Kook 
.....ဘာကိစ္စ ရှိလို့လဲ "

"သားလေး နေ‌မကောင်းဘူးဆို "

"အင်း သားလေးက ကိုယ်ပူလေး နည်းနည်း ရှိနေလို့
ခုနက ဆေးတိုက်ပီး သိပ်ထားတယ် "

"ကျွန်တော် ဝင်လာလို့ရမလား
သားကိုလဲ တွေ့ချင်တယ် "

"ရတယ် လာလေ ဝင် "

ဆိုပီး တံခါးကိုဖွင့်ပေးတော့ စိတ်ထဲ ပျော်သွားမိတာ အမှန်ပဲ
သားလေးကို တွေ့ခွင့်ပေးပါ့မလားဆိုပီး စိုးရိမ်နေတာ
မေ့နေတာပဲ Jimin hyung က စိတ်သဘောထားပြည့်ဝတဲ့ သူဆိုတာ

"ခနလေး နော် "ဆိုပီး ကျွန်တော့်ကို ဧည့်ခန်းထဲမာ နေရာချထားပီး hyung က မီးဖိုချောင်လို့ ထင်ရတဲ့ နေရာထဲ ဝင်သွားတယ်
3min လောက် အကြာမာတော့ ကွတ်ကီးလေးထုပ်လေးတွေပါတဲ့ ပန်းကန်ပြားလေးရယ် banana milk ခွက်လေး ရယ်ကို ဗန်းလေးထဲ သယ်လာတာ မြင်တော့ ငိုချင်မိတာ ထိန်းမရပဲ
ခုထိ ခုထိ hyung က ကျွန်တော့်အကြိုက်တွေကို သိနေတယ်ဆိုတဲ့ စိတ်က ကြည်နူးမိသလို အဲလို လူမျိုးကိုမှ လုပ်ခဲ့မိတဲ့ လုပ်ရပ်တွေကို တွေးမိပြီး ငိုချင်လာတယ်

ခုံပေါ်မာ ကွတ်ကီးလေးရယ် banana milk လေးတွေကို
တင်ပေးပီး လွတ်နေတဲ့ ခုံ‌တနေရာ ဝင်ထိုင်လိုက်တော့

မျက်ရည်တွေဝဲနေတဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ လိုက်ကြည့်နေတော့ လူက မနေတတ်တော့ဘူး
ငယ်ငယ်ထဲက အမြတ်တနိုးချစ်ခဲ့ရတဲ့ချစ်ရသူ ခုလက်ရှိလဲ ချစ်နေရသူ ငိုနေတာကို ဘယ်သူကများ ကြည့်နိုင်မာလဲလို့

"Hyung "

"အင်း "

"ကျွန်တော် တောင်းပန်ပါတယ် "

"ဘာအတွက်လဲ Jung Kook
မင်းထပ်ပီး ‌တောင်းပန်နေပြန်ပီ "

"အရာရာ အတွက်ပါ
Hyung ကျွန်တော့်ကို ခွင့်မလွှတ်နိုင်တာ သိတယ် "

ငါမင်းကို ခွင့်လွှတ်ပါတယ်
ဒါပေမဲ့ မင်းကို ပြန်ချစ်ဖို့ဆိုတာက ငါ့အတွက် ကြောက်နေသေးတယ်

"Daddy ရော နေကောင်းလား "

"‌daddy ကနေကောင်းပါတယ်
Daddy လဲ hyung ကို အမြဲသတိရနေတာ
Hyung အကြောင်းတွေကို ကျွန်တော်ထပ် ပိုစုံစမ်းတာ daddy ပဲ
သူ့မြေးလေးကိုလဲ သိပ်တွေ့ချင်နေတာ
ကျွန်တော်လေ ပြောသင့် မပြောသင့် တွေးနေပေမဲ့
Hyung နဲ့ သားလေး ကျွန်တော်နဲ့ဆိုလ်းကို လိုက်ခဲ့ပါလား "

JeonWhere stories live. Discover now