"ကျွန်တော် သူ့ကို လက်မထပ်နိုင်ဘူး Daddy"
Jimin တယောက် အလုပ်ကပြန်ရောက်ရောက်ချင်း အပေါ်ထပ်သို့တက်ပီး သူ့အခန်းထဲသို့ လမ်းလျှောက်လာတုန်း Daddy အခန်းတံခါးနားက အဖြတ် ကြားလိုက်ရတဲ့ စကားကြောင့် စိတ်ထဲ တော်တော် ဝမ်းနည်းမိသွားတယ် ကိုယ့်ကို နည်းနည်းမှတောင် သံယောဇဥ် မရှိဘူးလား Jeonဝမ်းနည်းနေတဲ့စိတ်ကို ဖြေဖျောက်ရန် သူ့ရဲ့အခန်းထဲကိုပဲ သွားလိုက်တော့တယ် ပီးတာနဲ့ ရေချိုးခန်းထဲဝင်ပီး ထိန်းချုပ်ထားခဲ့တဲ့ မျက်ရည်တွေကို ကျဆင်းခွင့် ပေးလိုက်တော့တယ်
ဝအောင် ငိုပီးမှ ရေချိုးခန်းထဲကနေ ထွက်ကာ အဝတ်အစားလဲပီး company က လက်စမသတ်ခဲ့တာတွေကို laptop တလုံးနဲ့ လုပ်ရတော့တယ်
ဘယ်လောက်ပဲ စိတ်ထဲ ဝမ်းနည်းနေနေ အလုပ်ကတော့ ကြိုးစားရယ် သူ့အပေါ်မာ ကျေးဇူးကြွေးရှိတဲ့ Daddy တို့ company ကို ဒီထက်မက အောင်မြင်အောင် လုပ်ပေးပီး ကျေးဇူးပြန်ဆပ်ခဲ့ချင်သည်မာ သူလုပ်ပေးနိုင်တဲ့အရာလေး တခုလို့ တွေးပီး အမြဲအလုပ်ကြိုးစားခဲ့တယ် အလုပ်ထဲ စိတ်ဝင်စားနေတုန်း
"ဒေါက် "
"ဘယ်သူလဲ"
"အကိုလေး jimin ဥက္ကဌ ကြီးက ထမင်းစားဖို့ ခေါ်ခိုင်းလိုက်လို့ပါ"
"ကျွန်တော် အပြင်မာ စားခဲ့လို့ မစားတော့ဘူး "
Jimin pov:( အမှန်အတိုင်း ပြောရရင် Jeon နဲ့ အတူ ထမင်းစားပွဲမာ လက်ဆုံစားရသည်ကို တကယ့်ကို သဘောကျတာ ဒါပေမဲ့ ကိုယ့်ဘက်က သဘောကျသလောက် Jeon ကတော့ သဘောမကျဘူး ကိုယ်ရှိနေရင် အစားကို နည်းနည်းပဲ စားတတ်ပီး ကိုယ်မရှိတဲ့အခါကျ အားရပါးရ စားတတ်တဲ့ သူ့အကြောင်း ကျွန်တော်သိလို့ ခုနောက်ပိုင်း ထမင်းစားလာခေါ်ရင် အကြောင်း အမျိုးမျိုးနဲ့ငြင်းနေကျ အဲလို ငြင်းရတဲ့ ကောင်းကျိုးကတော့ Jeon တယောက် ညနေစာဆို အားရပါးရ စားတတ်တဲ့မြင်ကွင်းကို မြင်ရတာ ဖစ်ပီး ဆိုးကျိုးကတော့ ကျွန်တော်က အစာအိမ်ရောဂါ ဖစ်လာတာပဲ ဒါပေမဲ့ ကျွန်တော် ကျေနပ်ပါတယ် Jeon အဆင်ပြေရင် ရပီလေ )နောက်တနေ့ မိုးလင်းတော့ ခါတိုင်းလိုပဲ အလုပ်သွားဖို့ ပြင်ပီး အိမ်အောက်ထပ် ဆင်းလာတော့
ရုတ်တရက် လက်ကောက်ဝတ်ကို အားနဲ့ တယောက်ယောက်ဆွဲခေါ်တာ ခံလိုက်ရတယ်
နာတော့ ရုန်းတော့
"လိုက်ခဲ့ ရုန်းမနေနဲ့" ဆိုတဲ့ အထက်စီးဆန်ဆန် အမိန့်တခုကြောင့် မရုန်းဖစ်တော့ဘဲ လိုက်သွားမိတယ်အဲလိုနဲ့ အိမ်ကြီးရဲ့
နောက်ဘက် ပန်းခြံထဲ ရောက်တော့
"ခင်ဗျား ဘာတွေ Daddy ကို သွားပြောလိုက်လို့ Daddy က ကျုပ်ကို ခင်ဗျားနဲ့ လက်ထပ်ပေးချင်နေရတာလဲ "
"ကိုယ် ဘာမှ မပြောပါဘူး ကိုယ်တောင် အဲ့အကြောင်း သိတာ မကြာသေးဘူး"
"အဲဒါဆို ခင်ဗျား မငြင်းတာလဲ!"
"ကိုယ် မင်းကို ချစ်လို့ Jeon "
"ဟက် "
"ခင်ဗျားက အဖေကို မရလို့ သားကို ကြံတာလား"
"ဘာ!"
Jimin pov:( တကယ့်ကို ဒေါသထွက်မိသွားတယ် ကိုယ့်ဘဝမာ ချစ်ဖူးတာဆိုလို့ မင်းပဲ ရှိတာ Jeonရဲ့)
"ကောင်းပီ လက်ထပ်ကြတာပေါ့ "
"..."
"ဒါပေမဲ့ parkjimin ခင်ဗျားမှတ်ထားရမာက ကျုပ်နဲ့ လက်ထက်တဲ့နေ့ကစပီး ခင်ဗျားလုံးဝ မပျော်စေရဘူး အမြဲ စိတ်ဆင်းရဲစေရမယ်"
Jimin pov:( ကိုယ့်ဘေးမာ မင်းရှိနေတာကိုက ကိုယ့်ဘဝရဲ့ ပျော်ရွှင်မှု ဆိုတာ တနေ့တော့ Jeon သိအောင် ပြောပြချင်ပါသေးတယ်)