Part 27

1.6K 121 10
                                    

"အကိုလေး Jimin "

အိမ်အောက်ထပ်မာ အလုပ်လုပ်နေတုန်း ရုတ်တရက် ‌ကြားလိုက်ရတဲ့ အကိုလေး Jimin အသံကြောင့် လုပ်လက်စတွေ အကုန်ထားခဲ့ပီး အိမ်ပေါ်ထပ်ကို တက်ခဲ့တော့ မြင်လိုက်ရတဲ့ မြင်ကွင်းက

အကိုလေး Jimin မျက်နှာတခုလုံးသာမက တကိုယ်လုံးမာ ချွေးစေးတွေနဲ့
ပီးတော့ ခုမှ စည်းပီးခါစ ပတ်တီးပတ်ထားတဲ့ လက်ရယ်
ကျန်လက်တဖက်ကဝောာ့ ဗိုက်ကို ကိုင်ပီး မျက်စိစုံမှတ်ထားတဲ့ ပုံစံလေးက ဆွေမျိုးနီးစပ်မဟုတ်သည့်တိုင် သနားစိတ်တွေချည်း ဝင်လာမိတယ်

ဒီအိမ်ကို စရောက်ကတည်းက အမြဲတမ်း အကိုလေး Jungkook အတွက် အကိုလေး Jungkook အကြိုက် ဟင်းတွေကို တခါတလေ မီးဖိုခန်းထဲထိလာပီး ချက်တတ်တဲ့သူ

အိမ်အကူဆိုပီး နှိမ့်ချတာမျိုး ဖစ်ဖို့ နေနေသာသာ အမြဲတမ်းလိုလို ဘာလိုလဲ လို့မေးတတ်တဲ့ ပုံစံက လူကြီးလေးပုံစံ
တခါတလေကျ အကိုလေးjungkook အကြိုက် ဟင်းတွေကို
ဝင်ဝင်ချက်ပီး အကိုလေး Jungkook သာ အဲ့ဟင်းကို မြိန်ရည်ယှက်ရည်များ စားလိုက်ရင် မျက်လုံးလေးတွေ မှတ်တဲ့အထိ ပြုံးနေတတ်တဲ့ ပုံစံက ချစ်စရာက‌လေးလေး ပုံစံ

လက်က ဒဏ်ရာကို ဆေးထည့်ပီး အောက်ထပ်ဆင်း တခုခုစားဖို့အတွက် အထ
ဗိုက်ထဲက ထိုးအောင့်လာတဲ့ နာကျင်မှု တခု

ဒဏ်ရာမရှိတဲ့လက်နဲ့ ဗိုက်ကို သက်သာလိုသက်သာငြား ဖိထားမိသော်လည်း ပိုအောင့်လာမှုကြောင့် ဘာလုပ်လို့ လုပ်ရမလဲတောင် မသိတော့ဘူး

အဒေါ်ကြီးလဲ Jimin ဖစ်နေတာတွေကို မြင်ပီး
"အကိုလေး Jimin"

"အာ့ အဒေါ်ကြီး ကျွန်တော့်ကို ဆေးရုံလိုက်ပို့ပေးပါလား"

"ဟုတ် အဒေါ်ကြီးဖုန်းဆက်ပီး taxi သမားလှမ်းခေါ်လိုက်မယ်နော် ခနလေး သည်းခံပေးပါနော် "

အဒေါ်ကြီးလဲ ပြောပီး ချက်ချင်းဖုန်းခေါ်ကာ taxi တစီးကို အမြန်လာဖို့ ခေါ်လိုက်မိတယ်

ခနလောက်ကြာတော့ ခြံရှေ့က ကားဟွန်းသံကြားတော့
အကိုလေး Jimin ကို တွဲပီး အိမ်အောက်ထပ်ကို ဆင်းလာလိုက်တယ်
အကိုလေး Jiminမျက်နှာတခုလုံး ဖြူဖပ်ဖြူရော် ဖစ်ပီး
ခန္ဓာကိုယ်တခုလုံးလဲ ပျော့ခွေနေတော့ ငိုသာငိုလိုက်ချင်တော့တယ်

JeonWhere stories live. Discover now