"Jeon ကိုယ် ဒီတပတ် အလုပ်ကိစ္စ တခုနဲ့ ခရီးသွားစရာလေး ရှိတယ် "
"ဘယ်သွားမာလဲ ဘယ်သူနဲ့သွားမာလဲ"
"ကိုယ့်ငယ်ငယ်ကနေခဲ့တဲ့ ဘူဆန်ကို သွားမာ
တယောက်တည်းပဲ သွားမာ Jeon
၃ ၄ ရက်တော့ ကြာမယ် ကိုယ် အာဂျူမားကို ပြောခဲ့တယ် နော် Jeon အကြိုက် ဟင်းတွေပဲ ချက်ကျွေးဖို့""ရပါတယ် ကျွန်တော်က ဘာဖစ်ဖစ် စားတတ်တယ် "
လို့ ပြောပီး အခန်းထဲကနေ ထွက်ဖို့ အလုပ်
ခါးကို ဖက်တွယ်ထားတဲ့ လက်သေးသေး တစုံ ကြောင့် Jeon တယောက် ရုတ်တရက် လန့်သွားမိတာ အမှန်ပဲ"ဘာလုပ်တာလဲ"
"ခနလေးပါ Jeon ရယ် ဒီတိုင်းလေး ခနလေးပဲ နေ
ခွင့်ပေးပါ ကိုယ့်အတွက် ဒီပွေ့ဖက်မှုက အားဆေးလေး တခွက် မို့လို့ပါ ကိုယ်နည်းနည်းကြောက်နေမိလို့ပါ
ဒါပေမဲ့ ခုလို Jeon ကို ဖက်လိုက်ရတော့ အကြောက်နည်းနည်းတော့ ပြေသွားသလိုပဲ ""ခင်ဗျား ဘာတွေ လာပြောနေတာလဲ "
"ရပါတယ် jeon နားမလည်ဘဲ တခုပဲ ကိုယ် Jeon ကို အရမ်းချစ်တယ် ဆိုတာတော့ သိထားပေးပါနော်
ကိုယ် မင်းကို ကိုယ့်အသက်ထက် ပိုချစ်တယ် Jeon"ရုတ်တရက်ကြီးခါးကိုလာဖက်ပီး ပြောလာတဲ့ Park Jimin စကားတွေကြောင့် ရင်ဘတ်ထဲက အမည်မသိ လှိုင်းတွေ ဖြတ်သွားပီး ရင်ခုန်သံတွေကလဲမြန်လာခဲ့တယ်
အချိန်ခနလောက်ကြာသွားတော့ ဖြုတ်ချသွားခဲ့တဲ့ လက်ကလေးတစုံ
"ရပီလား ကျွန်တော် သွားစရာရှိလို့ သွားတော့မယ် "
"ကျေးဇူးတင်ပါတယ် Jeon ရယ် "
"ရတယ် မလိုဘူး " ပြောပီး ထွက်သွားလေရဲ့
ထွက်သွားတဲ့ ကျောပြင်ကျယ်ကြီးကို ကြည့်ရင်း ရင်ဘတ်ထဲမာ ဝမ်းနည်းဝမ်းသာ ဖစ်နေမိတယ်
ဝမ်းနည်းမိတာက ဒီခွဲစိတ်မှုကို ကြောက်နေခဲ့လို့ ဖစ်ပီး
ဝမ်းသာခဲ့တာကတော့ ဒီခွဲစိတ်မှုသာ အောင်မြင်သွားရင် Jeon အတွက် မိသားစုဘဝလေး ဖန်တီးပေးနိုင်တော့မာကို တွေးပီး ဝမ်းသာနေခဲ့မိတယ်