Part 41

2K 143 21
                                    

Jungkook ကို လက်လျော့ဖို့ ပြောခဲ့ပီး သားလေးကို ချီပီး အိမ်ပြန်လာခဲ့တယ်
ဝန်ထမ်းကောင်လေးတွေကို ဆိုင်စောစောပိတ်ဖို့ ပြောခဲ့ပီး အိမ်ကို ပဲ ပြန်လာခဲ့တော့တယ်
ခုချိန် စိတ်လွတ်ကိုယ်လွတ်နဲ့ကို အော်ငိုချင်တယ်
ဘာလို့ ခုမှ ငါ့ဘဝထဲ ပေါ်လာရတာလဲ
ဘာလို့ ခုမှ ချစ်တယ်ဆိုပီး ပြောရတာလဲ ဆိုပီး အော်ငိုချင်တာတာပေါ့ ဒါပေမဲ့ မျက်နှာငယ်လေးနဲ့ ပါလာတဲ့ သားလေးကိုကြည့်ပီး အဲလို ငိုခွင့်လဲ မရှိခဲ့ဘူး
ဘယ်လောက်ပဲ ငိုချင်ပါစေ သားလေးရှိတယိ သားလေးရှေ့မာ သန်မာတဲ့ အဖေ သားလေးအားကိုးရတဲ့ သူတ‌ယောက်ပဲ ဖစ်နိုင်တာ

ဒီနေ့ ဒီလိုအခြေအနေမျိုးဖစ်လာဖို့ဆိုတာ လွယ်မှမလွယ်တာ
လက်ဗလာနဲ့ အိမ်ကနေ ထွက်လာပီးနောက်ပိုင်း အရင်က မိသားစုဆရာဝန်အကိုက အများကြီး ကူညီပေးခဲ့လို့သာ
အဲ့အကိုသာ မကူညီခဲ့ရင် မတွေးရဲစရာပဲ
အဲ့အကိုနဲ့ နိုင်ငံခြားကို လိုက်သွားပီး စိတ်အခြေအနေကို အရင်ဆုံးကုခဲ့ရတယ်

စိတ်ဓာတ်ကျစရာတွေချည်း ကြုံခဲ့ရလို့ တခုခုဆို ငိုဖို့ပဲ သိတော့တာမျိုး ခနခန သတ်သေဖို့ ကြိုးစားခဲ့တာမျိုး
အဲ့အချိန်တွေ ခုပြန်တွေးရင်တောင် စိတ်ပင်ပန်းနေတုန်းပဲ
ဆရာဝန်နဲ့ သေချာကုပီးမှ နည်းနည်း အခြေအနေကောင်းမှ
ဗိုက်ထဲက ကလေးလေးအတွက် အားတင်းထားခဲ့ရတာ

အချစ်ရဆုံးလူက သစ္စာဖောက်ခဲ့တဲ့ ဖြစ်ရပ်ကြောင့် သတ်သေဖို့ လုပ်တိုင်းလဲ ကလေးလေးတယောက်က ပါးပါး မလုပ်ပါနဲ့ဆိုပီး လာလာတားလို့ စိတ်အခြေ‌အ‌ေန‌ေတွ အဆုံးထိ မရောက်ခဲ့တာ
ပုံမှန်စိတ်အခြေအနေ ပြန့်ဖစ်တော့မှ ကိုယ်ဝန်ဆောင် အားဆေးတွေသောက် မစားချင်ပေမဲ့ ချုပ်တည်းပီး စားခဲ့ရတာတွေ

မလွယ်ခဲ့ဘူး jeon
ကိုယ်မင်းကို သိပ်ချစ်ခဲ့ပေမဲ့ ပြန်လက်ခံဖို့ဆိုတာ မလွယ်ဘူး Jeon ရယ်
ခုလို အားလုံးနေသားကျနေတဲ့ အခြေအနေမာမှ မင်းကပေါ်လာတော့လဲ......…

ကိုယ့်အတွေးနဲ့ ကိုယ်မျောနေတုန်း
"ပါးပါး"ဆိုတဲ့ ခေါ်သံလေးကြောင့် အသိပြန်ဝင်လာတယ်

""ဟင် သားသား"

"ပါး ပါး "

"ပြောလေ ပါးပါးသားလေး ဘာလိုချင်လို့လဲ "

JeonWhere stories live. Discover now