Part 44

2.2K 143 17
                                    

"Jung Kook သားလေး အိပ်သွားပီလား "

"ဟုတ် hyung သားအိပ်သွားပီ "

သားသားက Jungkook ကို သူ့ daddy လို့ သိသွားပီးကတည်းက အနားကနေကို မခွာတော့ဘူး
ဒယ်တီ ဒယ်တီ ဆိုပီး ကပ်နေတာ
တကယ့်ကို သွေးက စကားပြောတာပဲ

"Hyung "

"...."

"ကျွန်တော် ကျွန်တော် ဗိုက်ဆာတယ် "

"ဟမ် "

"အာ ဗိုက်ဆာလို့လား ခနလေးနော်
အိမ်မာ အဆင့်သင့်စားစရာ ခေါက်ဆွဲပြုတ်ပဲ ရှိတယ် "

"အာ ရတာပေါ့ "

"အဲဒါဆို ခနနော် ကိုယ် ခေါက်ဆွဲသွားပြုတ်လိုက်မယ်"

ရေနွေးအိုးလေးတည် ပီးတော့ ကြက်သွန်မြိတ်လေးတွေ လှီးထားလိုက်တယ်
ပီးတော့ ကင်ချီ သိပ်ပီးသားဘူးထဲကနေ ကင်ချီကို ထုတ်ပီး ပန်းကန်လုံးသေးသေးလေးထဲ ထည့်လိုက်တယ်
ပီးတာနဲ့ ရေနွေးအိုးထဲ ခေါက်ဆွဲပြုတ်လေး ဖောက်ထည့်ပီး ခနနေမှ အရသာအမှုန့်လေးတွေအပြင် ကြက်ဥလေးရယ် ကြက်သွန်မြိတ်လေးရယ် ထည့်လိုက်တော့ ခေါက်ဆွဲပြုတ်လေး က စားလို့ရပီ

Hyung ခေါက်ဆွဲပြုတ်ပြုတ်နေတဲ့ ပုံလေးက ချစ်စရာလေး
ကျွန်တော့်အတွက်တော့ hyung နဲ့အတူတူ စားရမဲ့ ခေါက်ဆွဲပြုတ်လေးက ကျွန်တော့်တသက် မေ့လို့မရတဲ့ ညစာပဲ

"Jung Kook အိမ်မာရှိတာလေးပဲ လုပ်လိုက်တယ်နော်
အဆင်ပြေလား "

"ဟုတ် ပြေတယ် အရမ်းပြေတယ် hyung "

"ဟမ် အာ ပြေတယ်ဆို ပီးတာပါပဲ လာလေ"

ထမင်းစားပွဲပေါ်မာ ခေါက်ဆွဲပြုတ်အိုးလေး ချပီး ပန်းကန်လုံးလေး ၂လုံးကို ချ ပီးတော့ ကင်ချီထည့်ထားတဲ့ ပန်းကန်လေးလဲ ချပီး စားလိုက်တာ ခေါက်ဆွဲပြုတ် တအိုးလုံးဆိုတာ ခနလေး အတွင်းပဲ ကုန်သွားတာ

ဒီခေါက်ဆွဲပြုတ် ညစာက ၂ယောက်စလုံး လုံးဝကို မေ့မရတဲ့ညစာလေး တခုပေါ့
အဆင်ပြေခါစ အခြေအနေလေးမာ ကိုယ်သဘောကျတဲ့ သူနဲ့အတူတူ လက်စုံစားခွင့်ရတာလဲ ပျော်ရွှင်မှုလေးတခုပေါ့

ခေါက်ဆွဲပြုတ်အတူတူ‌စားပီးတော့ 2‌ယောက်လုံး ဧည့်ခန်းထဲမာ ထိုင်နေလိုက်တာ နာရီဝက်နီးပါးပဲ
တိုင်ကပ်နာရီက လက်တံရယ်ပဲ တခန်းလုံးကို လွှမ်းမိုးထားတယ်
ဒီတိတ်ဆိတိနေတဲ့ အခြေအနေကို အရင်ဖြိုခွင်းလိုက်တာက
Jung Kook ရဲ့ phone ringtone လေး

JeonWhere stories live. Discover now