Part 22

1.6K 119 2
                                    

ရေချိုးခန်း တံခါးကအလိုလို ပွင့်လာပီး မျက်ရည်တွေနဲ့ ပြည့်နေတဲ့မျက်ဝန်းတွေနဲ့ ကြည့်လာတဲ့အခါ Jeon တ‌ယောက်
စိတ်ထဲမလုံဖစ်မိသွားတယ်
အရင်ကလဲ ဒီထက် ဆိုးတဲ့စကား‌လုံးတွေနဲ့ပြောနေကျ ဆိုပေမဲ့
ဒီတခါကျတော့ ဘာလို့ စိတ်ထဲ မလုံသလိုဖစ်သွားလဲတော့ မသိတော့ပါ

"Jeon "  ဆိုပီး ငိုသံလေးနဲ့ ခေါ်သံလေးကြားတော့
Jeon Jung Kook တယောက် လက်ထဲက ဖုန်းက လွတ်ကျသွားခဲ့တယ်

"ဘယ်တုန်းက ပြန်ရောက်တာလဲ Park Jimin "

"သိပ်မကြာ‌သေးပါဘူး ရေချိုးမို့လား
ချိုးလေ ကိုယ်ဖယ်ပေးမယ်"

"ခုနက လေ ကျွန်တော် ဟိုဟာ တောင်းပန်ပါတယ်"

"ဘာအတွက်လဲ Jeon
ခုနက ပြောတာတွေအတွက်လား ကိုယ် စိတ်မဆိုးပါဘူး"

"ဒါနဲ့ ကျွန်တော်မေးတာ ခုထိ ပြန်မဖြေရသေးဘူးနော်
ဘယ်တုန်းက ပြန်ရောက်နေတာလဲ
အိမ်ပြန်ရောက်တာ ဘာလို့ အကြောင်းမကြားရတာလဲ"

"ကိုယ်ပြန်ရောက်တာ နာရီပိုင်းပဲ ရှိပါသေးတယ် "

"အဲဒါဆို ကျွန်တော် ရေချိုးလိုက်အုန်းမယ် "

"ချိုးလေ မြန်မြန်လေး ချိုး Jeon ရာသီဉတု က အေးလာပီ
ရေနွေးလေး စပ်ပီးချိုးလေ ကိုယ့် Jeon အတွက် ရေနွေးစပ်ပေးရမလား
ကိုယ် Jeon အတွက် ထမင်းပြင်ပေးထားမယ်နော်
ရေချိုးပီး မြန်မြန်အောက်ဆင်းခဲ့"

"မလိုဘူး ကျွန်တော်ဘာသာ အဆင်ပြေသလို ချိုးပီးအောက်ဆင်းလာခဲ့မယ်

Jeon ပြောတဲ့စကားတွေက ကိုယ့်နှလုံးသားကို သေလောက်အောင် နာကျင်စေပေမဲ့
ကိုယ် Jeon ရှေ့မာ မငိုချင်ဘူး
ကိုယ်က Jeon အတွက် ကစားစရာ အဆင့်ပဲရှိတာလား
ခု မချစ်သေးတောင် နောင်တော့ ချစ်လာမာ သေချာပါတယ်
မချစ်ချစ်အောင်လဲကိုယ့်ဘက်က ချစ်ပေးမာပါ
အဆုံးစွန်ထိ ချစ်သွားမာပါ

"အာဂျီမား ဒီညနေ ကျွန်တော်ပဲမီးဖိုချောင် ဝင်လိုက်တော့မယ်နော် ဒီညနေ Jeon အကြိုက်လေး ချက်ကျွေးချင်လို့ "

"ကောင်းပါပီ အကိုလေး
အကိုလေး Jimin ရော သက်သာသွားပီလား"

"ဟုတ် သက်သာသွားပါပီ"

JeonWhere stories live. Discover now