Part 32

1.7K 124 19
                                    

ထွက်သွားတဲ့ ကျောပြင်ကျယ်ကြီးကို ကြည့်ရင်း မျက်ရည်တွေကျလာတော့တယ်
နောက်ဆုံးတော့ ကိုယ်သိလိုက်ပါပီ
မချစ်တဲ့ သူတယောက်က ကိုယ့်ဘက်က ဘယ်လိုပဲချစ်ပေးပေး
မချစ်လာနိုင်ဘူးဆိုတာကိုပေါ့

လဲကျသွားတဲ့အချိန် ဗိုက်ကို လက်နဲ့ကာထားခဲ့မိလို့သာပေါ့ ‌တချက်တချက် အောင့်တက်သွားပေးမဲ့ ဘာမှမဖစ်တာကတော့ ‌ကံကောင်းခြင်းတခုပဲ
ခုံပေါ်က ဖန်ခွက်တခုကွဲပီး ကျသွားတဲ့‌ေနရာကို လက်ထောက်မိဝောာ့ လက်ဖဝါးတခုလုံး သွေးများ ထွက်နေပေမဲ့လဲ
အားယူပီး ကြိုးစားထဖစ်တယ် နောက်ဆို ကိုယ့်ကိုကိုယ့်ပဲ အားကိုးရတော့မာလေ
လက်နဲ့ ထောက်မိလိုက်တဲ့အတွက် လက်ကောက်ဝတ်ကလှဲသွားပေမဲ့   ဗိုက်က ဘာမှဖစ်မသွားတာပဲ တော်ပါသေးတယ် နောက်မို့ဆို မတွေးရဲစရာပဲ
Jeon နဲ့ကိုယ် ပေါင်းစပ်ပီးမှ ရလာတဲ့ သွေးသားလေးကိုတော့ ဘယ်နည်းနဲ့မှ အဆုံးရှုံးမခံနိုင်ဘူး
Jeon ကိုတော့ ကိုယ် လက်လွတ်ပေးနိုင်ဖို့ ကြိုးစားပါတော့မယ်

အဒေါ်ကြီး အပေါ်ထပ်ကို သန့်ရှင်းရေးလုပ်နေတုန်း အောက်ထပ်က အော်သံတွေနဲ့ အောက်ထပ်ကို အပြေးဆင်းလေး ပြေးလာခဲ့တော့ တွေ့လိုက်ရတာ ရင်ကွဲစရာရယ်
ပါကေးကြမ်းခင်းပေါ်မာ လဲကျတဲ့ ခန္ဓာကိုယ်‌သေးသေးက ငိုနေတာများခန္ဓာကိုယ်တခုလုံး တုန်နေလို့
ဗိုက်ကလေးကို ကိုင်ထားပီး တံခါးအဝကို ကြည့်နေတဲ့ပုံလေးက မြင်သမျှလူတွေကို မျက်ရည်ကျချင်စရာရယ်

"အကိုလေး Jimin "

ခေါ်သံကြားလို့ ထင်ပါရဲ့ အနောက်ဘက်ကို ပြန်လှည့်ကြည့်ပီး

"အဒေါ် ကျွန်ဝောာ်ကို အပေါ်ထပ်ကို တွဲပီး ပို့ပေးပါလား
ကျွန်တော်မထနိုင်လို့ "

လက်တဖက်ကို ဆွဲယူလိုက်တဲ့အချိန်မာ
အ့ ဆိုတဲ့ အော်သံလေး

အဒေါ်ကြီးလဲ အဲတော့မှ သေချာကြည့်မိလိုက်တော့ လက်ဖဝါးထဲမာ စိုက်ဝင်နေတဲ့ ဖန်ကွဲစရယ်
နီရဲနေတဲ့ လက်ကောက်ဝတ်ကိုမြင်ပီး  အကိုလေးကို
ဖက်ထားလိုက်မိတော့တယ်

"သားလေးရယ် "ဆိုပီး မချိတင်ကဲ ခေါ်ပီး ငိုနေမိတယ်

ငိုနေတဲ့ ‌အဒေါ်ကိုကြည့်ပီး Jimin လဲ ဖက်ငိုမိတယ်
အားကိုးရှိသွားတယ်ပဲဆိုဆို ခုမှအ‌ဒါ်ကို ဖတ်ပီး ငိုနေမိတယ်

JeonWhere stories live. Discover now