မနက်ငါးနာရီဝေလီဝေလင်းအချိန်တွင်ရွာကလူ
တွေတလှုပ်လှုပ်ဖြစ်နေကြသည်။မင်းကွန်းကိုလိုက်ကြမဲ့အဖွဲ့တွေကညအိပ်ခရီးစဉ်မို့အထုပ်တွေဆွဲပြီးရွာလည်ဘုရားဆီတဖွဲဖွဲနဲ့လာနေကြသည်
။ဆွမ်းကပ်သွားမဲ့ခရီးဆိုတော့အစားအသောက်
ကသယ်စရာမလို။ဘုရားတံတိုင်းဘေးတွင်လူတွေစုမိနေပြီးသိပ်မ
ကြာခင်ငှားထားတဲ့ကားတွေရောက်လာသည်။ခရီးသည်တင်ဒိုင်နာကားကြီးနှစ်စီးရောက်လာတော့ကားတွေကသူတို့ရောက်ကြောင်းအသံပေးသည်။ရွာလယ်ကနေကားဟွန်းတီးသံတပွမ်ပွမ်
ကြားတော့ထနောင်းတို့လည်းအိမ်ကထွက်လာ
ကြသည်။ရွာလယ်ဘုရားတွင်ကားဖြူ လေးတွေသုံးစီးရောက်လာသည်။အောင်သီဟမောင်းလာသည့်ကားပေါ်တွင်အောင်စု၊ဘိုးဘိုးဒေါန၊ဦးနေမျိုးသီဟနဲ့သူ့မြေးလေးဂေါ်ကင်းပါသည်။အာကာမောင်းလာတဲ့ကားပေါ်တွင်မြင့်မိုရ်ရယ်၊သူ့ရဲ့အထူးသူနာပြု
သက်ပိုင်ရယ်၊ခတ္တာလေးရယ်၊ဝှီးချဲရယ်ပါသည်။စိုင်းကျော်မောင်းလာသည့်ကားပေါ်တွင်ဦးထက်ရှားနဲ့ကြီးထွေး၊အောင်စုမိဘတွေဖြစ်တဲ့ဦးအောင်မြင့်နဲ့ဒေါ်စုစုလင်းတို့ပါသည်။ထနောင်းကစာရင်းစာအုပ်တစ်အုပ်နဲ့လူစစ်နေသည်။ခရီးဝေးသွားရမှာမို့ပါသမျှလူအကုန်နာမည်ထည့်ရေးသည်။အသွားကကိစ္စမရှိပေမဲ့အပြန်မှာကျန်နေခဲ့မှာစိုးရသည်။ထနောင်းကအဖွဲ့
သားတွေကိုအုပ်ချုပ်ပြီးလိုက်ရမှာမို့သူကဒိုင်နာကားကြီးနဲ့ပဲလိုက်လာရမည်။ဇမ္ဗူ ကလည်းထ
နောင်းစီးတဲ့ကားပဲစီးမှာပြောစရာမလိုပေ။ဇမ္ဗူ ကထနောင်းကိုလိုက်ကြည့်နေမိသည်။ထနောင်းကပုဆိုးအပြာကွက်လေးနဲ့အင်္ကျီကလည်းအပြာနုရောင်လေးဝတ်ထားသည်။သူ့ထုံးစံအတိုင်းခမောက်လုံးလေးကိုလည်ပင်းမှာကြိုးသိုင်း
ပြီးဆောင်းထားသည်။ပြီးတော့စာအုပ်ဘောပင်နဲ့တခြားတိုလီမိုလီလေးတွေထည့်ထားတဲ့လွယ်အိတ်ကိုစလွယ်သိုင်းပြီးလွယ်ထားသည်။လူစာရင်းစစ်ပြီးသွားတော့ကားပေါ်မှာအကုန်
နေရာယူကြပြီးကားတွေရွာကနေစထွက်သည်။ကားကြီးနှစ်စီးကရှေ့ကထွက်သည်။ကားပေါက်စသုံးစီးကနောက်ကနေတန်းစီပြီးလိုက်သည်။
YOU ARE READING