ထနောင်းတို့ဘုရားဖူးကားတွေကဝါးလှည်းတွေ
တွေ့ရတဲ့နေရာကိုကျော်လာပြီးတဲ့နောက်မှာတောင်တန်းကြီးကပိုပြီးမတ်စောက်လာခဲ့သည်။အတက်အဆင်းတွေပိုပြီးများလာသည်။သစ်ကြီးဝါးကြီးတွေလည်းပိုများလာသည်။အလောင်းတော်ကဿပဘေးမဲ့တောဧရိယာမို့သစ်ခုတ်တာတွေ၊ဝါးခုတ်တာတွေမလုပ်ရတော့ပေ။ထို့ကြောင့်သစ်တောကြီးကထူထပ်ပြီး
စိမ်းညို့နေသည်။သစ်ပင်ကြီးတွေကရှည်ရှည်
ဖြောင့်ဖြောင့်ကြီးတွေအပေါ်ကိုထိုးတက်နေသည်။အပင်တွေပေါ်ကိုမော့ကြည့်လိုက်ရင်သဇင်
ပန်းနဲ့သစ်ခွပင်တွေအစုလိုက်အပြုံလိုက်ပေါက်
နေတာကိုမကြာခဏတွေ့ရသည်။ဒီလိုမျိုးစိမ့်
ကြီးမြိုင်ကြီးတောကြီးထဲကိုထနောင်းအခုမှပဲ
ရောက်ဖူးသည်။တောင်တက်လမ်းတစ်လျှောက်တွင်လမ်းညွှန်
ဆိုင်းဘုတ်တွေကိုမရေမတွက်နိုင်အောင်တွေ့ရသည်။ကားမောင်းတဲ့သူတွေသတိလက်လွတ်ဖြစ်မသွားအောင်နေရာတိုင်းမှာဆိုင်းဘုတ်တွေကပ်ထားခြင်းဖြစ်သည်။ရေးထားတဲ့စာတွေက-“အတက်လမ်းရှည်သည်။ဂီယာကြီးဖြင့်တက်ပါ”
၊“အဆင်းလမ်းရှည်သည်။ဂီယာကြီးဖြင့်ဆင်းပါ”
၊“အတက်ကားကိုဦးစားပေးပါ”၊“နှစ်ဆစ်ချိုးကွေ့
ဖြစ်သည်။ဟွန်းတီးပါ”၊“အကွေ့အကောက်များသည်။အကွေ့တိုင်းဟွန်းတီးပါ”ဆိုတဲ့ဆိုင်းဘုတ်တွကိုနေရာတိုင်းမှာအကျအနတပ်ဆင်ထားသည်။တောင်တက်လမ်းကအဖြောင့်အတိုင်းဖောက်
လို့မရတော့အကွေ့အချိုးတွေများလွန်းနေသည်။အတက်အဆင်းကားနှစ်စီးမျက်နှာချင်းဆိုင်ဆုံမိလျှင်ရှောင်ပြီးမောင်းလို့မရ။တစ်စီးကနောက်ပြန်
ဆုတ်ပြီးရှောင်ပေးရသည်။အတက်ကားကိုဦးစားပေးပါဆိုသော်ငြားလည်းလမ်းကျဉ်းလေးမှာမျက်နှာချင်းဆိုင်ဆုံမိရင်အတက်ကားကပဲနောက်ပြန်လျှောချပြီးရှောင်ပေးရသည်။အဆင်းကားတွေကနောက်ပြန်ဆုတ်ရင်အပေါ်ကိုနောက်ပြန်ကြီးတက်ရမှာဆိုတော့သူတို့က
နောက်ပြန်ဆုတ်ဖို့အဆင်မပြေ။တောက်လျှောက်ပဲဆင်းချလာတာများသည်။အချို့သောကားတွေဆိုရင်အောက်ခြေကနေကားတက်လာနေတာကိုမြင်ရဲ့သားနဲ့အပေါ်က
နေရပ်စောင့်ပေးတာမျိုးမရှိဘဲမတ်စောက်လှတဲ့လမ်းမကြီးပေါ်ကနေအောက်ကိုတည့်တည့်ကြီး
ဇောက်ထိုးဆင်းချလာသည်။ဒီတော့အတက်
ကားတွေကရှေ့ဆက်ပြီးမမောင်းတော့ဘဲအောက်ခြေထိရောက်အောင်နောက်ပြန်လျှောချပြီးရှောင်ပေးရသည်။
BẠN ĐANG ĐỌC