ထနောင်းက ကဿပကိုယ်တော်ကြီးရဲဝဋ်ကြွေးတင်ရှိခဲ့ပုံအကြောင်းကိုရှင်းပြသည်။ထနောင်းကတောင်ခြေလျိုထဲကနေတောင်ထွတ်ဖျားဆီ
လက်ညှိုးထိုးပြသည်။“ဒီနေရာကတောင်သုံးလုံးရဲ့တောင်ထွတ်တွေဖိုခနောင့်ဆိုင်ပြီးတည်ရှိနေတဲ့နေရာ။ကဿပကိုယ်တော်ကြီ်းကဒီနေရာကိုဝဋ်ကြွေးဆပ်ဖို့ရောက်
လာခဲ့ရတာ။ကဿပကိုယ်တော်ကြီးရဲ့အတိတ်ဘဝကိုပြန်
ပြီးကြည့်မယ်ဆိုရင်ကိုယ်တော်ကြီးကအတိတ်
ဘဝတုန်းကဘုန်းကြီးကျောင်းသားလေးဖြစ်ခဲ့ဖူးတယ်။သူနေတဲ့ဘုန်းကြီးကျောင်းမှာဘုန်းကြီးတွေကကျေးသားလေးတစ်ကောင်ကိုမွေးထားတယ်"“ကျေးသားလေး"
“ကြက်တူရွေးကိုပြောတာကွာ”
“သြော်အဲလိုရှင်းရှင်းပြော”
“အေး…အဲဒီကျေးသားလေးကစကားသင်ပေးလို့ရတော့ဘုန်းကြီးတွေကသူ့ကိုသရဏဂုံရွတ်
ဆိုတတ်အောင်သင်ပေးထားတယ်။တစ်နေ့ကျ
တော့အဲဒီကျေးသားလေးကသေသွားတယ်။ကျောင်းထိုင်ဘုန်းကြီးကကျောင်းသားလေးကိုခေါ်ပြီးပြောတယ်။ဒီကျေးသားလေးကတိရစ္ဆာန်ဖြစ်ပေမဲ့လည်းသရဏဂုံတည်ထားတာမို့ကောင်း
ကောင်းမွန်မွန်သင်္ဂြိုဟ်ပေးလိုက်ပါလို့ပြောခဲ့တယ်။ဒါပေမဲ့ကျောင်းသားလေးကကျေးသားလေးအလောင်းကိုမြေမြှုပ်မပေးဘဲနဲ့ဆော့ကစားနေခဲ့တယ်။အဲဒီအချိန်မှာဘုန်းကြီးရောက်လာတော့ကျောင်းသားလေးကဘုန်းကြီးဆူမှာစိုးလို့ကျေးသားလေးအလောင်းကိုမီးဖိုရဲ့ဖိုခနောင့်အောက်ကိုထိုးထည့်ပြီးဖွက်ထားလိုက်တယ်။ဘုန်းကြီးကကျောင်းသားလေးကိုကျေးသားလေးအလောင်းမြေမြှုပ်ပြီးပြီလားလို့မေးတော့မြှုပ်ပြီးပြီလို့ဖြေလိုက်တယ်။
အဲဒါကသူ့အတွက်ဝဋ်ကြွေးတစ်ခုဖြစ်သွားတယ်။ကြက်တူရွေးကတိရစ္ဆာန်ဖြစ်ပေမဲ့သရဏဂုံ
ရွတ်ဆိုနိုင်တော့သရဏဂုံတည်တယ်။အဲတော့အပြစ်ကပိုကြီးတယ်။အဲဒီကျောင်းသားလေးကဂေါတမဘုရားရှင်လက်ထက်မှာရှင်မဟာကဿပကိုယ်တော်ကြီးဖြစ်လာတယ်။ရဟန္တာဖြစ်သွားတဲ့နောက်ဆုံးဘဝမှာအဲဒီဝဋ်ကြွေးကိုပေးဆပ်ဖို့ဖိုခနောင့်ဆိုင်နေတဲ့တောင်သုံးလုံးအောက်ကိုဝင်ပြီးပရိနိဗ္ဗာန်ပြုရတယ်။ဒါပေမဲ့ကိုယ်တော်ကြီးရဲ့ရုပ်ကလာပ်ကအခုထိပကတိအတိုင်းရှိနေတုန်းပဲ။ကတိစကားတစ်ခုကျန်နေသေးလို့ခုထိသင်္ဂြိုဟ်လို့မရသေးဘူး"
VOUS LISEZ