ထနောင်းနဲ့ဇမ္ဗူ တောင်ပေါ်ကပြန်ဆင်းလာခဲ့ကြသည်။တောင်တက်စောင်းတန်းတစ်လျှောက်တွင်တွေ့နေရတာတွေကတော့ဘုန်းကြီးကျောင်းနှင့်သီလရှင်ကျောင်းများပဲဖြစ်သည်။
စောင်းတန်းတစ်ဝက်ကိုရောက်လျှင်စောင်းတန်းကိုကန့်လန့်ဖြတ်ပြီးဖောက်ထားသည့်ကားလမ်းရှိသည်။ကားလမ်းကိုကျော်ပြီးမှလှေကားထစ်
တွေနဲ့စောင်းတန်းကိုပြန်ရောက်သည်။ထိုကန့်
လန့်ဖြတ်ကားလမ်းရှိသည့်နေရာတွင်ဆိုင်းဘုတ်
တစ်ခုကပ်ထားသည်။“ရွှေသာလျောင်းတောင်
လုံခြုံရေးအတွက်ည(၉)နာရီနှင့်မနက်(၄)နာရီအတွင်းဖြတ်သန်းသွားလာခြင်းမပြုရ"တဲ့။ထို့ပြင်စောင်းတန်း၏တချို့နေရာများတွင်မေတ္တာရပ်ခံစာများရေးသားထားသည်ကိုတွေ့ရပါသေးသည်။“ဘုရားတိုက်ကျောင်း၊လူပေါင်းကြည်ညို
မှင်တန်မီးသွေး၊မရေးစေလို
အဆင်းမလှ၊ဖြစ်ကြမည်ကို
ရောက်မည့်ဘေး၊မျှော်တွေးရှောင်စေလို”
ဒီစာကိုရေးသားထားရတဲ့အကြောင်းရင်းကတော့တောင်တက်စောင်းတန်းတစ်လျှောက်မှာ
မဖွယ်မရာတွေလျှောက်ရေးထားတဲ့စာတွေရှိနေလို့ပါပဲ။စောင်းတန်းလှေကားထစ်တွေ၊စောင်းတန်းဘေးကထိုင်ခုံတန်းတွေ၊ပြီးတော့စောင်းတန်းအမိုးအတွက်စိုက်ထူထားတဲ့တိုင်လုံးတွေမှာညစ်ပတ်ပြီးအလှပျက်ရုံသပ်သပ်သာဖြစ်နေသည်။ထို့ကြောင့်မေတ္တာရပ်ခံစာရေးသားထားရခြင်းဖြစ်သည်။ထနောင်းနဲ့ဇမ္ဗူ တောင်ခြေကိုပြန်ရောက်တော့ညနေစောင်းနေပြီ။နှစ်ယောက်သားရွာကိုတန်း
ပြန်လာခဲ့ကြသည်။အိမ်ရောက်တာနဲ့ရေချိုးသည်။ထမင်းစားသည်။တောင်ပေါ်ကိုခြေကျင်တက်ခဲ့တာမို့ခြေသလုံးတွေတောင့်ပြီးညောင်းကိုက်နေသည်။ညဘက်ထနောင်းအိပ်ယာဝင်တော့ဇမ္ဗူ က-“အသက်မနက်ကျရင်အစောကြီးမထနဲ့နော်"
“မထလို့မရဘူး။ဆွမ်းချက်ရဦးမှာ”
“စိုင်းကျော်နဲ့ဖားလေးချက်လိမ့်မယ်။မနက်လေးနာရီဆွမ်းထချက်ဖို့နာရီ alarm ပေးဖို့ပါမှာထားတာ။အသက်ကဒီညကောင်းကောင်းအိပ်။ပင်ပန်းထားတာ”
VOUS LISEZ