အခန်း(၂၃)
837 87 11
မြင့်မိုရ်ရဲ့ခြေထောက်တွေကိုဆရာဝန်ပြဖို့ရန်ကုန်ကိုပြန်ခေါ်လာခဲ့တာတစ်လခန့်ကြာခဲ့ပြီဖြစ်သည်။မြင့်မိုရ်ရဲ့ခြေထောက်တွေကအရင်ကထက်
စာရင်အတော်ကြီးကောင်းလာသည်။
ခန္ဓာကိုယ်အောက်ပိုင်းသေနေတာကငါးနှစ်
ကျော်ကြာခဲ့တာမို့ပြန်ကောင်းလာတဲ့အချိန်မှာ
ခြေထောက်ကြွက်သားတွေကအားနည်းနေသည်။ထို့ကြောင့်လမ်းလျှောက်နိုင်ဖို့ပြန်ပြီးတော့လေ့ကျင့်ယူနေရသည်။ဆရာဝန်ကမြင့်မိုရ်ရဲ့ခြေ
ထောက်တွေကိုလေ့ကျင့်ခန်းလုပ်ပေးဖို့သင်ပေးသည်။
အာကာကမြင့်မိုရ်ရဲ့ခြေထောက်တွေကိုသူကိုယ်တိုင်လေ့ကျင့်ခန်းလုပ်ပေးသည်။ခြေထောက်အကွေးအဆန့်၊ဒူးအကွေးအဆန့်၊ခြေကျင်း
ဝတ်ကနေခြေချောင်းလေးတွေထိလေ့ကျင့်ခန်းလုပ်ပေးသည်။နှိပ်နယ်ပေးသည်။
စပါယ်ရှယ်နာ့စ်ဖြစ်တဲ့သက်ပိုင်တောင်ဘေးကနေရပ်ကြည့်နေရုံပဲတတ်နိုင်သည်။အာကာကမြင့်မိုရ်ရဲ့ကိစ္စတွေအကုန်လုံးသူပဲသိမ်းကျုံးပြီးလုပ်
သည်။လေ့ကျင့်ခန်းလုပ်ပေးပြီးသွားတော့အာကာချွေးပြိုက်ပြိုက်ကျနေသည်။အာကာကမြင့်မိုရ်ရဲ့ခြေချောင်းလေးတွေကိုနှိပ်နယ်ပေးနေရင်း-
“အကိုပင်ပန်းသွားပြီလား"
“အဲဒါမင်းကိုမေးရမှာ။မင်းပင်ပန်းသွားပြီလား"
“ဟင့်အင်းအကို"
“မင်းချွေးပြန်နေတယ်"
“လှုပ်လှုပ်ရှားရှားလုပ်နေလို့ချွေးထွက်တာပါ။သွေးပူသွားလို့လေ။ကျွန်တော်ရေချိုးလိုက်မယ်"
“နေဦး…ချွေးတိတ်မှချိုး"
“ဟုတ်ကဲ့"
ဟုတ်ကဲ့ဆိုပြီးရေချိုးခန်းဆီထွက်သွားတဲ့အာကာ့ကိုကြည့်ပြီးမြင့်မိုရ်သက်ပြင်းချမိသည်။အာကာရေချိုးပြီးသွားတော့မြင့်မိုရ်နဲ့အတူညနေစာစားသည်။အကို့ကိုခြံထဲခေါ်လာပြီးလမ်းလျှောက်ကြသည်။အကိုကလမ်းကြာကြာလျှောက်ရင်ခြေထောက်တွေကခွေကျသွားတတ်သည်။ခြေမခိုင်သေးတဲ့ကလေးလေးတွေလိုပဲ။အခုမှလမ်းလျှောက်လေ့ကျင့်နေရသည်။နာရီဝက်လောက်လမ်းလျှောက်ပြီးသွားတော့အာကာကမြင့်မိုရ်ကိုကျောပိုးပြီးအိမ်ထဲပြန်ခေါ်လာခဲ့သည်။