အခန်း(၁၇)
944 75 5
ပုထိုးတော်ကြီးကိုအဝေးမှလှမ်းကြည့်ကြစဉ်ပုထိုးတော်ကြီးပေါ်တွင်ပေါက်နေသည့်အမျိုးအ
မည်ထွေပြားလှသည့်မြက်ပင်များကိုအောင်စုသတိထားမိသွားသည်။
အောင်စုတို့ရောက်လာသည့်အချိန်ကဝါတွင်းကာလမိုးရာသီဖြစ်နေသဖြင့်မြက်ပင်များကနုပျိုလန်းဆန်းဖူးပွင့်ဝေဆာနေကြသည်။အရောင်အဆင်းမှာလည်းအံ့သြရလောက်အောင်လှသည်။သို့သော်ထိုမြက်ပင်များကိုအောင်စုအမည်တပ်
ပြီးမခေါ်တတ်ပေ။ဆရာမင်းသုဝဏ်ကတော့မြက်ပင်များကိုအမည်နှင့်တကွကွဲကွဲပြားပြားသိ
လေသည်။
အောင်စုကမြက်ပင်တွေကိုလက်ညှိုးထိုးပြပြီး-
“ကိုကြီးဟိုမှာကြည့်ပါဦး။မြက်ပင်လေးတွေကလှလိုက်တာနော်"
“ဟမ်"
အောင်စုစကားကြောင့်အောင်သီဟကြောင်အမ်းအမ်းဖြစ်သွားမိသည်။ဒီကလေးကကျောင်းဆရာဖြစ်လာမှသူ့အကြိုက်တွေကထူးဆန်းလာသည်။စိတ်ပါဝင်စားမှုတွေပြောင်းလဲသွားသည်။အရင်လိုဇာတ်လမ်းတွဲတွေကြည့်ပြီးငိုနေတတ်တဲ့
အောင်စုမဟုတ်တော့ပေ။
ပုရွက်ဆိတ်တို့၊နှံကောင်တို့၊ပျားတို့၊လိပ်ပြာတို့
အဲလိုအကောင်သေးသေးလေးတွေပါတဲ့ discovery channel ဆိုရင်တမေ့တမောထိုင်
ကြည့်သည်။ပုဇဉ်းရင်ကွဲကောင်အကြောင်းရော၊ပိုးတုံးလုံးအကြောင်းရော၊အစုံပဲ။အင်းအဲဒါ
ကြောင့်လည်းပုရစ်ကြော်မစားတာနေမှာ။
အခုလည်းလူတိုင်းကမင်းကွန်းပုထိုးတော်ကြီးရဲ့ကြီးကျယ်ခမ်းနားမှုကိုအံ့သြဘနန်းမော့ကြည့်နေတာကိုသူကမြက်ပင်ကိုငုံ့ကြည့်သတဲ့။
သေးသေးလေးကိုအကြီးကြီးဖွဲ့ဆိုတတ်တဲ့
ရကန်ဦးတိုးနဲ့မှအတော်ပဲ။
ရာမရကန်ဦးတိုးဆိုတာသဇင်ပန်းအကြောင်းကိုအလွန်အကြူးဖွဲ့ဆိုထားတဲ့သူ။သူများတွေဝေဖန်စောကြောလို့မရအောင်မိမိရရကန်ကျောက်ပြီးသူဖော်ချင်တဲ့သဇင်ပန်းရဲ့ဂုဏ်ကိုမပေါ်ပေါ်အောင်ဖော်ထားတာ။အခုလည်းအောင်စုပြောတဲ့
မြက်ပင်တွေအကြောင်းကိုဦးတိုးကချီးမြှောက်
ထားသေးသည်။ရှင်ဘုရင်ဘိသိတ်သွန်းတာ
တောင်မြေစာမြက်မပါလို့ဘိသိတ်တော်မခံရ
ဘူးဆိုပဲ။