အခန်း(၂၄)
844 77 7
အောင်သီဟကားထဲကထွက်ပြီးကားတံခါးကိုဝုန်းခနဲ့ဆောင့်ပိတ်သွားသည်။အိမ်ထဲကိုခြေလှမ်းကျဲကြီးတွေနဲ့ဝင်သွားတဲ့ကိုကြီးသီဟကိုကြည့်ပြီး
အောင်စုအူလည်လည်ဖြစ်နေသည်။ကိုကြီးကဘာကိုစိတ်ဆိုးသွားတာလဲ။သူမန်ကျည်းပင်ပေါ်တက်မိလို့လား။မန်ကျည်းပင်ပေါ်တက်တာကအဲလောက်အပြစ်ကြီးလို့လား။
အောင်စုကားထဲကထွက်ပြီးအိမ်ထဲဝင်လာခဲ့သည်။အခန်းထဲရောက်တော့အောင်သီဟကခုတင်ပေါ်မှာတောင့်တောင့်ကြီးငုတ်တုတ်ထိုင်နေသည်။အောင်စုအောင်သီဟရှေ့ကိုသွားရပ်လိုက်
သည်။
“ကိုကြီး"
“ငါကမင်းကိုမန်ကျည်းရွက်တောင်ဝယ်မကျွေး
နိုင်တဲ့သူလား"
“ဗျာ"
“ဘာလို့မန်ကျည်းရွက်တက်ခူးရတာလဲ"
“မန်ကျည်းရွက်တွေနုနေလို့လေ"
“မန်ကျည်းရွက်နုတိုင်းတက်ခူးစရာလား"
“ကိုကြီးကလည်းနောင်းနောင်းတို့အိမ်ကမန်ကျည်းပင်ကငယ်ငယ်ကတည်းကခူးနေကျပါ"
“ငယ်ငယ်ကနဲ့အခုနဲ့တူလို့လား"
“တူတူပါပဲ"
“ဘာကွ…မင်းငယ်ငယ်ကအကောင်းလေ။အခုကအကျိုးလေ။မင်းခြေထောက်ထဲကစတီးချောင်းတောင်ပြန်မထုတ်ရသေးဘူး။နောက်တစ်ချောင်းထပ်ကျိုးချင်တာလား"
“မဟုတ်ပါဘူးကိုကြီးကလည်း…ခါတိုင်းလည်းတက်နေကျပဲကို”
“ဘာ…ခါတိုင်းလည်းတက်နေကျဟုတ်လား"
“ဟုတ်တယ်လေ။အိမ်မှာမန်ကျည်းရွက်လ္ဘက်အ
မေလုပ်ကျွေးတော့ကိုကြီးပဲကြိုက်တယ်ဆို။အဲဒါကျွန်တော်သွားသွားခူးလာတာ"
“ဘာ…”
အောင်သီဟဒေါသကအခုမှယမ်းပုံမီးကျဖြစ်သွားရတော့သည်။
“အဲဒါဆိုမင်းနေ့တိုင်းမန်ကျည်းပင်ပေါ်တက်ခူး
နေတာပေါ့"
“ဟုတ်တယ်လေ။ကိုကြီးကကြိုက်တယ်လို့ပြောတာကို"
“တိတ်စမ်း…အဲဒါမင်းခူးမှန်းမသိလို့ငါစားတာ။
မင်းခူးထားမှန်းသိရင်အဲဒီလ္ဘက်ငါမစားဘူး။
တောက်…နောင်းနောင်းကွာ”