အခန်း(၁၅)
991 80 7
ထနောင်းတို့လည်းခေါင်းလောင်းကြီးဆီလာနေရင်းအမှတ်တရပစ္စည်းရောင်းသည့်ဆိုင်လေးတစ်ဆိုင်ရှေ့ရောက်လာသည်။ဇမ္ဗူ က-
“အသက်…အသက်"
“ဟင်ဘာလဲ"
“အင်္ကျီဝယ်ပေး…ဟိုမှာ"
“ဟမ်"
ဇမ္ဗူ လက်ညှိုးထိုးပြတဲ့ဆီထနောင်းကြည့်လိုက်တော့မင်းကွန်းအမှတ်တရအင်္ကျီလေးတွေချိတ်ဆွဲထားသည့်ဆိုင်လေးကိုတွေ့ရသည်။
“ဝယ်ပေးပါဆို"
“အေးအေးလာ"
ထနောင်းအမှတ်တရဆိုင်လေးဆီသွားပြီးအင်္ကျီဝယ်ပေးသည်။ဇမ္ဗူ က-
“အသက်ကောမဝယ်ဘူးလား”
“မဝယ်ချင်ပါဘူး။မင်းလိုချင်တယ်ဆိုလို့ဝယ်ပေးတာ"
“ဟင့်"
ဇမ္ဗူ ကတွဲလောင်းချိတ်ထားတဲ့အင်္ကျီတွေထဲကသူဝယ်ထားတာနဲ့ပုံစံတူတစ်ထည်ကိုဆွဲဖြုတ်လိုက်သည်။ပြီးတော့ထနောင်းဘာမှမပြောရသေး
ခင်ဆိုင်ရှင်ဆီတစ်သောင်းတန်တစ်ရွက်လှမ်းပေးပြီး-
“ကျွန်တော်တို့အင်္ကျီလဲဝတ်ချင်လို့အထဲဝင်လို့ရလား"
“အာ…ရပါတယ်ဝင်ပါ"
ဆိုင်ရှင်ကခွင့်ပြုတော့ဇမ္ဗူ ကထနောင်းလက်ကိုဆွဲပြီးဆိုင်နောက်ထဲတိုးဝင်လာခဲ့သည်။
“အသက်…ဆင်တူဝတ်ကြမယ်"
“ဘာ…ငါမဝတ်ချင်ဘူး"
“ဝတ်မယ်လို့။မဝတ်ရင်လူတွေအများကြီးရှေ့ကျမှခင်ဗျားကိုဖက်နမ်းမှာနော်"
ထနောင်းမကျေမနပ်နဲ့ဇမ္ဗူ့ ကိုစိုက်ကြည့်မိသည်။ဇမ္ဗူ ကသူဝတ်ထားတဲ့အင်္ကျီကိုချွတ်ပြီးမင်းကွန်းခေါင်းလောင်းကြီးပုံနဲ့တီရှပ်အင်္ကျီကိုခေါင်းကနေစွပ်ချလိုက်သည်။ထနောင်းလည်းမတတ်
သာတဲ့အဆုံးအင်္ကျီချွတ်ဖို့ပြင်ရသည်။ဒီကောင်
ကဂေါက်တောက်တောက်နဲ့။လူကြားထဲကျမှတကယ်ဖက်နမ်းနေရင်သူပဲအရှက်ကွဲမှာ။
ထနောင်းကြယ်သီးဖြုတ်နေတာစိတ်မပါတဲ့ပုံပေါက်နေတော့ဇမ္ဗူ ကသူ့ကြယ်သီးတွေကိုဝင်ဖြုတ်
သည်။
“ဖယ်စမ်းပါ"
“မဖယ်ပါဘူး။ခင်ဗျားလုပ်နေတာမပြီးနိုင်လို့"