1

989 58 5
                                    

လက်ညိုးနဲ့လက်မကြားထဲက စီးကရက် ။သောက်တတ်အောင် မာမီက သင်ပေးခဲ့တယ် ။ဘဝမှာ အပျော်ခဲ့ဆုံးအချိန်ဆိုလည်း ဟုတ်နေတယ် ။

"ဂျိမ်း သမီး ကပ်ရပ်ကအခန်းမှာဧည့်သည်ရောက်မယ် ၊ အဆင်ပြေမလား ? "

"ဘယ်သူလဲ မာမီ"

တံခါးဘောင်ကိုမှီပြီး ကိုယ့်နည်းတူ ဆေးလိပ်ဖွာနေတဲ့ မာမီက ‌ပခုံးတွန့်ပြသည် ။သူမ မသိဘူးပေါ့ ။

"ပရော်ဖက်ဆာတစ်ယောက်ထင်တယ် မိန်းကလေးပါ သမီးနဲ့ အဆင်ပြေမယ်ထင်တာပဲ"

ခေါင်းငြိမ့်ပြလိုက်တော့ မာမီက ရယ်ရင်း တံခါးကိုပြန်ပိတ်ပြီး ထွက်သွားသည် ။

ခြံထဲက အသံတွေ ။အဲလစ်ဇာအသံက ထိပ်ဆုံးကမလို့ ပြတင်းပေါက်ဘက်ကို ခေါင်းထွက်ကြည့်တော့ လက်လှမ်းပြကြသည် ။

"ဟေ့ ဂျိမ်း ရေကူးရအောင်!!"

အရောင်တောက်တောက်Bikiniအနီနဲ့ ထိပ်ဆုံးကနေပဲ ထပ်အော်၏ ။နားတွေအူလာတာမလို့ လက်ခါပြတော့ ထပ်အော်သည် ။

"Ahhhhh လာမယ် အဲလစ်ဇာ တော်တော့"

ရှုပ်ပွနေတဲ့ ဆံပင်လိမ္မော်ရောင်ခပ်ကောက်ကောက်တွေဟာ ဒယ်ဒီဆီက အမွေရထားတာဖြစ်သည် ။ဒယ်ဒီကitalianတစ်ယောက်ဖြစ်တာမလို့ italianသွေးအပြည့်ပါတယ်ပဲ ပြောရမှာပဲလား ။

"ရေကူးသွားအုံးမယ် မာမီနဲ့ဒယ်ဒီ"

"Ok sweetie enjoy!!"

လှေကားပေါ်က ဆင်းလာလာခြင်း မြင်လိုက်ရတဲ့ မာမီနဲ့ဒယ်ဒီပုံကို ကြည့်ပြီး မျက်နှာလွှဲလိုက်ရသည် ။ရယ်ရင်း ခေါင်းခါဖို့သာ ဂျိမ်းတတ်နိုင်တော့တယ် ၊ သိပ်ကဲတဲ့မာမီ ။

"That's summer jendeukie!!"

မျက်မှန်အမည်းကို ဆံပင်ပေါ်လှန်တင်ပြီး အဲလစ်ဇာကိုကြည့်တော့ အပေါ်က ဝတ်ထားတဲ့ ရှပ်အဖြူကိုဆွဲချွတ်သည် ။လက်ရဲဇက်ရဲနဲ့ အဲလစ်ဇာကိုလိုက်မမှီတာမလို့ ဘာမှတော့ထွေထွေထူးထူးပြန်မပြောလိုက်မိ ။

"Ohhhဒီဇိုင်းတစ်‌အားအောက်တယ်နင် အမြဲတမ်းအညိုရောင်ပဲလား ? "

"Brown carzyဂျင်းနီကာဂျိမ်းဆိုတာ ဘယ်သူလဲ ? "

အဲလစ်ဇာစကားကို ဘေးက ရီကိုက ဝင်ပြောသည် ။ရှုံ့မဲ့သွားတဲ့အဲလစ်ဇာ ၊ ပြန်ပြောဖို့လုပ်နေတုန်းမှာ ခြံထဲကို ကားတစ်စီးဝင်လာတာမလို့ အကုန်လုံးအဲ့ဒီကို အာရုံရောက်သွား၏ ။

ART BY - R -Where stories live. Discover now