Chapter-2

3.2K 228 9
                                    

တီ! တီ! တီ!

တိတ်ဆိတ်ကာ မဲမှောင်နေသည့် အခန်းအတွင်း၌ ရုတ်တရက် ထွက်လာသည့် နှိုးစက်သံကြောင့် Mile တစ်ယောက် စိတ်မကြည်မလင်နှင့် နိုးထလာရပေတော့သည်၊၊ ထို့နောက် ကုတင် တစ်ဖက်စွန်းရှိ Digital နာရီလေးအား မျက်စိမပွင့်တစ်ပွင့်နှင့် လှမ်းကြည့် လိုက်သည့်အခါ အချိန်ဟာ မနက် 7 နာရီသို့ ညွှန်ပြနေပြီ ဖြစ်လေသည်၊၊

ထို့ကြောင့်ပင် အိပ်နေရာမှ ထကာ နှိုးစက်အား လှမ်းကာ ပိတ်လိုက်လေသည်၊၊ ထို့နောက် ရေတစ်ဖန်ခွက်အား အပြည့်ထည့်ကာ အရင်ဦးဆုံး သောက်လိုက်လေသည်၊၊ ပြီးတာနှင့် remote control အား ယူကာ နှိပ်လိုက်လေတော့ ကျယ်ဝန်းလှသည့် အိပ်ခန်းကြီး၏ ပတ်ပတ်လည်ရှိ လိုက်ကာ ကြီးများဟာ ပွင့်လာလေတော့သည်၊၊

ထိုအခါ မြင့်မားလှသည့် မှန်ချပ်ကြီးတွေမှ တစ်ဆင့် ဝင်လာသည့် နေအလင်းရောင် စူးစူးကြောင့် သူအနည်းငယ် မျက်မှောင်ကျုံ့မိလေသည်၊၊ သို့သော် ထို မှန်ချပ်များ အပြင်ဘက်ရှိ အဆင့်မြင့် တိုက်တာများနှင့် နေရောင်နွေးနွေးတို့အား ရောယှက်ကာ ကြည့်လိုက်သည့်အခါ မနက်ခင်းအတွက် စိတ်အား ကြည်လင်စေသည့် မြင်ကွင်း တစ်ခု ဖြစ်ပေသည်၊၊

သို့သော် ယနေ့မှာတော့  သူ့အတွက် ကော်ဖီတစ်ခွက်နှင့် ထိုမြင်ကွင်းအား ထိုင်ကြည့်နေရန် အချိန်ရှိမနေခဲ့ပေ၊၊ ရသည့်အချိန်အတွင်းမှာပင် gym အခန်းဆီသို့ သွားကာ အနည်းငယ် သွေးပူလေ့ကျင့်ခန်း လုပ်လိုက်ပြီး ချွေးထွက်စေလိုက်လေသည်၊၊ ထို့နောက်မှ ရေချိုးခန်းထဲသို့ ဝင်ကာ သွားတိုက်ခြင်း၊ မျက်နှာ သစ်ခြင်း အလုပ်များအား လုပ်ရလေတော့သည်၊၊

Mile ကြီးမားလှသည့် ဘေစင်ပေါ်ရှိ မှန်ရှေ့၌ ရပ်ကာ စေ့စေ့မကြည့်ဖြစ်တာ ကြာပြီ ဖြစ်သည့် သူ၏ ပုံပန်းသွင်ပြင်အား ရပ်ကြည့်နေမိလေသည်၊၊ ပုံကျနေပြီ ဖြစ်သည့် ဆံပင်များဟာ မနေ့ကမှ သူစိတ်ဆုံးဖြတ်ကာ ဝင်ညှပ်ခဲ့ခြင်း ဖြစ်ပေသည်၊၊ ထို့အပြင် နှုတ်ခမ်းမွှေးများ၊ မှုတ်ဆိတ်မွှေးများနှင့် ရှိရင်းအသက်ထပ်ပို၍ ရင့်ရော်နေသည့် မိမိ၏ ပုံအား မြင်ရသည့်အခါ သူဘယ်လောက်အထိ သူ့ကိုယ်သူ ပစ်ထားမိခဲ့သလဲဆိုတာကို သတိပြုမိလေတော့သည်၊၊

Don't be Stubborn ! Baby Where stories live. Discover now