Part-19 (Punishment or something else)

5.7K 244 15
                                    

Google map မှ ပြသည့်အတိုင်း Apo ဆိုင်ကယ်အား မောင်းလာလိုက်တာ နောက်ဆုံး မြို့လယ်ခေါင်ရှိ အဆင့်မြင့် ကွန်ဒိုတစ်ခုသို့ ရောက်လာလေတော့သည်၊၊ တစ်ဆက်တည်းပင် Apo ဆယ်ထပ်မြောက်ရှိ ကားပါကင်ကိုသာ မောင်းသွားလိုက်ကာ နောက်ဆုံး အခန်းနံပါတ် လိုက် ပါကင် ရပ်ခွင့်ပေးထားသော နေရာ၌ သူ့ဆိုင်ကယ်အား ရပ်ထားလိုက်လေသည်၊၊

ထို့နောက် ဖုန်းအားဖွင့်ကာ message ထဲ၌ P'Mile ပို့ထားသည့် အခန်းနံပါတ်အတိုင်း ဓာတ်လှေကားနှင့် တက်လာလိုက်တော့သည်၊၊ Apo လမ်းတစ်လျှောက် သူ့အား ဒီလူကြီး ဘာ့ကြောင့် သူနေသည့် ကွန်ဒိုသို့ ခေါ်ရသလဲ နားမလည်နိုင်သေးပေ၊၊ သူ့ကို ခပ်စပ်စပ်လေး ရိုက်မည် ပြောသွားပြီး ညကြရင် အိမ်သို့ လာခဲ့ဟု ခေါ်သည်မှာ ကြားရသူအဖို့ နည်းနည်းတော့ တစ်မျိုးပင်၊၊ သူ့အနေနဲ့ ရှက်တာတော့ မဟုတ်ပေမယ့် စိတ်ထဲမှာ ကိုယ်တစ်ကူးတစ်က အပြစ် ပေးခံရဖို့အရေး ကိုယ့်ခြေထောက်နဲ့ကိုယ် လာရတာမို့ အနည်းငယ်တော့ စိတ်လှုပ်ရှားရပေသည်၊၊

တင်!

သူနှိပ်ထားသည့်အတိုင်း 15 ထပ်မြောက်မှာ ဓာတ်လှေကားဟာ ပွင့်လာတာမို့ Apo ဓာတ်လှေကားထဲကနေ ထွက်ကာ အခန်းအား ရှာလိုက်လေသည်၊၊ နောက်ဆုံးမှာတော့ ပို့ထားသည့် အခန်းနံပါတ်အား ရှာတွေ့သွားတာမို့ Apo မြန်မြန်ပဲ bell အား နှိပ်လိုက်လေသည်၊၊

တင်းတောင်! တင်းတောင်!

*ဝင်ခဲ့!*

သိပ်တောင် မစောင့်လိုက်ရပေ၊၊ Intercon မှ P'Mile ၏ ခွင့်ပြုသံနှင့်အတူ ချက်ချင်းတံခါးဟာ  lock ပွင့်လာတာမို့ Apo လဲ ကိုယ်တိုင်ပင် တံခါးအား ဖွင့်ကာ ဝင်ခဲ့တော့သည်၊၊

P'Mile ၏ ကွန်ဒိုဟာလဲ သူ၏ ကွန်ဒိုနှင့် မခြားနားပေ၊၊ စဝင်သွားတာနှင့် vintage အငွေ့အသက်များသာ လွှမ်းမိုးထားလေသည်၊၊ သို့သော် သူ့လို အလင်းဘက်သွားသော အရောင်များအား သုံးထားခြင်းမဟုတ်၊ ဆိတ်ငြိမ်စေသော အဖြူရောင်၊ ခဲရောင်များကိုသာ အဓိကထားကာ သုံးထား ခြင်း ဖြစ်ပေသည်၊၊

Apo ဆက်ပြီး ဝင်သွားလိုက်သည့်အခါ ဧည့်ခန်းထဲ၌လည်း ရိုးရှင်းသော ပရိဘောကများကိုသာ အသုံးပြုထားလေသည်၊၊ ကြည့်လိုက်တာနှင့် ဤအိမ်မှာ နေသည့်သူ၏ စိတ်အခြေအနေဟာ  ပုံမှန်ထပ် တိတ်ဆိတ်ကာ အထီးကျန်နေသယောင်ပင် ခံစားလိုက်ရပေသည်၊၊

Don't be Stubborn ! Baby Tempat cerita menjadi hidup. Temukan sekarang