Part-28

2.2K 224 23
                                    

Apo လေဆိပ်ထဲသို့ ဝင်သွားပြီ ဖြစ်သည့် P'Mile အား အဝေးကနေ fly kiss တွေပါပေးကာ လှမ်းနှုတ်ဆက်လိုက်လေသည်။

*Yes!*

ထို့နောက်မှာတော့ အားရပါးရ လက်သီးလက်မောင်းတန်းကာ အပျော်ကြီး ပျော်နေလေတော့သည်။

‌Miss နှင့်အတူ ကားပြိုင်ကွင်း သွားမည့်နေ့မှာမှ P'Mile ဟာ မွေးရပ်မြေမှ အဖွားဖြစ်သူ၏ မွေးနေ့ပွဲကို သွားရန် ပြန်သွားလေတော့သည်။ Apo ကိုလဲ မိဘများနှင့် တွေ့ပေးရန် အတင်းခေါ်သော်လည်း သူ့အနေနှင့် တစ်ယောက်ကို တစ်ယောက် ချစ်သူလို တရားဝင် တွဲနေကြသည်မဟုတ်သည့် သူ၏ မိဘများထံသို့ လိုက်တွေ့ရန် စိတ်ကူးသိပ်မရှိနေခဲ့ပေ။ Khun Mae ကတော့ Po အား ချစ်ရှာပါသည်။ သို့သော် မိသားစုဝင်တွေနှင့် ပက်သက်လာလျှင်တော့ Apo ဘက်က စည်းလေးတစ်ခု ခြားထားခြင်းသာ ဖြစ်ပေသည်။

လေဆိပ်ကနေ P'Mile ၏ ကားလေးအား မောင်းကာ ကွန်ဒိုကိုပြန်လာလိုက်သည့်အခါ နေတောင် အတော်လေး ဝင်နေပြီ ဖြစ်လေသည်။ ထို့နောက် P'Mile ၏ gymခန်းထဲ၌  အနည်းငယ်ဆော့ကာ သွေးပူရန် လုပ်အပြီးမှာတော့ ရေမိုးချိုးကာ အပီအပြင် ရွှိုင်းလိုက်လေသည်။

ဒူ~ ဒူ~ ဒူ~

Apo မှန်ရှေ့၌ ဆံပင်လေမှုတ်နေစဉ် ဖုန်းဝင်လာသဖြင့် ကိုင်လိုက်သည့်အခါ Koe ဆီမှ ဖြစ်‌နေလေသည်။

*အေး ပြော *

*ဟက်ရောင် မင်း ဒီနေ့ ဘယ်ဟာ ရွေးမှာလဲ *

*လွန်ခဲ့တဲ့ ငါ့မွေးနေ့က ငါ့ Daddy ဝယ်ပေးထားတဲ့ အလှလေးကို စီးမှာပေါ့ကွ။ သေချာ သ ထားပေးနော် ဟက်ရောင် ။ ငါ ဒီနေ့ အကုန်လုံးကို လှလှလေး အနိုင်ယူမှာ*

ယုံကြည်မှု လွန်ကဲနေသည့် အသံနှင့် Apo ပြောသည့်အခါ တစ်ဖက်က သကောင့်သားဟာ သူ့အား ဆဲလာလေတော့သည်။

*ငါ့ကို ဖားထားစမ်းပါကွာ။ ဒီနေ့ ငါနိုင်ရင် မင်တို့ ကြိုက်တာ တောင်းဆိုလိုက် !*

*အေး အဲ့တာ မျိုးဆို ကြိုက်ပြီ *

ထို့နောက် Koe ဟာ ပြောစရာရှိတာ ပြောကာ ဖုန်းချသွားလေတော့သည်။ ထိုအခါ Apo လဲ ပေါ့ပေါ့ပါးပါး တီရှပ်လေးနှင့် ဂျင်းဘောင်းဘီကိုသာ ဝတ်ဆင်လိုက်ကာ Miss အား ဝင်ခေါ်ရန် ကွန်ဒိုဆီမှ ထွက်လာလိုက်တော့သည်။

Don't be Stubborn ! Baby Tempat cerita menjadi hidup. Temukan sekarang