Part-4

2.7K 221 34
                                    

*ငါ့ကို အခန်းတစ်ခန်းပေး !*

အစပ်အဆက်မရှိ ရုတ်တရက် ပြောလာသည့် Mile ၏ စကားကြောင့် သူ့အရှိန်နှင့်သူ ထွေနေသည့် Lydia ပင်လျှင် အမူးပြေမလို ဖြစ်သွားရလေသည်၊၊ Toilet ခဏသွားမည်ဟု ပြောသွားသည့် သူဟာ အခု သူ့ club ၌ အခန်းတစ်ခန်း လာတောင်းနေသည်တဲ့လား၊၊

Lydia ၏ club ဟာ အခြား လူငယ်တွေ စုဝေးကာ ပျော်ပါးကြသည့် club နှင့်မတူပေ၊၊ ပိုင်ရှင်ဖြစ်သူ Lydia ဟာ ဤ လောက၌ နာမည်ကြီးသည့် sub တစ်ယောက် ဖြစ်တာမို့ သူကိုယ်တိုင် စိတ်တိုင်းကျဖွင့်ထားသည့် club ဟာလဲ သူ့လို ဝါသနာတူသူတွေအတွက် စံပျော်ရာနေရာ တစ်ခု ဖြစ်ပေသည်၊၊

ထို့ကြောင့် club ၌ ရှိသည့် အခန်းများဟာ ဝင်အိပ်ချင်တဲ့သူတိုင်း ဝင်အိပ်လို့မရပေ၊၊ ကြိုတင်စာရင်း သွင်းထားသည့် VIP များအတွက်သာ playroom များ စီစဥ်ပေးထားသည်မို့ Mile ဘက်မှ ဤသို့ တောင်းဆိုလာသည့်အခါမှာတော့ Lydia အမူးတွေပါ ပြေကုန်တာ အဆန်းတော့မဟုတ်ပေ၊၊

*ဟဲ့ ဒီမှာ playroom တွေပဲ ရှိတာ နင်သိရဲ့သားနဲ့၊၊ နင်ကြိုတင်စာရင်းပေးထားမှ...*

*အဲ့တာဆိုလဲ အခုပဲ ငါ့နာမည်နဲ့ အခန်းတစ်ခု
လုပ်လိုက်ဟာ!*

Lydia သူ့စကားပင် မဆုံးသေးပဲ ဖြတ်ကာ ပြောကာ အော်လာသည့် ကိုယ်တော်ချောကြောင့် နားနှင့် ဖုန်းနှင့်ပင် ခွာလိုက်ရတော့သည်၊၊ Toilet ခဏသွားနေတုန်း Mile Phakphum လူစားများ လဲခံလိုက်ရသလား ၊၊

*Lydia!  
အင်း....အင်း... ကျစ်! ဟိတ်! ငြိမ်ငြိမ်နေစမ်း!*

Lydia အတွေးများနေတုန်း တစ်ဖက်မှ သူ့အား အော်ခေါ်လာသည့်အသံနှင့်အတူ ကောင်လေးတစ်ယောက်၏ တစ်အင်းအင်း ညည်းသံများ၊ Mile ၏ တိုးတိုးတိတ်တိတ် မာန်မဲသံများအား ကြားလိုက်ရတာမို့ Mile Phakphum တစ်ယောက် အလျင်လိုနေပြီ ဖြစ်မှန်း သိလိုက်ရတော့သည်၊၊

*အာ...တကယ်တော့ လွန်ခဲ့တဲ့ ရက်ကမှ အသစ်လုပ်ထားတဲ့ အခန်းရှိတယ် ၊၊ ဒါပေမယ့် အဲ့တာက VVIP အတွက်သီးသန့် လုပ်ထားတာ ဆိုတော့ ...*

*ငါသုံးဆ ပြန်လျော်ပေးမယ်၊၊ အခုငါ့ကို password သာပေးစမ်းပါ !* 

*အေးအေး အပေါ်ဆုံးထပ်ရဲ့ ထောင့်ဆုံးအခန်း password က xxxxxx ၊၊ ဟဲ့ ဒါနဲ့ နင်ဘယ်သူနဲ့ ...*

Don't be Stubborn ! Baby Dove le storie prendono vita. Scoprilo ora