တိတ်ဆိတ်ငြိမ်သက်နေသည့် အခန်းပတ်ဝန်းကျင်ဟာ လေသန့်စက်မှ ထွက်နေသည့် အငွေ့သံကိုပင် ကြားနိုင်ရသော အနေအထားဖြစ်ပေသည်၊၊ မှန်မှန်လေး လည်နေသော ဓာတ်ပြားစက်လေးဟာလဲ Needle လေးအား အပေါ်သို့ ပြန်မတင်ထားသည့်အခါ မူလအတိုင်းပင် တိတ်ဆိတ်လို့ နေလေတော့သည်၊၊
ထို့အတူပင် မှန်နံရံ၏ ဘေးကပ်ရပ်၌ ရှိနေသော ကော်ဖီသောက်ရန် ပြုလုပ်ထားသည့် ဆက်တီခုံ၌ မျက်နှာခြင်းဆိုင်ကာ ထိုင်နေကြသော လူနှစ်ယောက်မှာလဲ တစ်ယောက်ကို တစ်ယောက်ကြည့်ရုံသာ ကြည့်ကာ တိတ်ဆိတ်နေလေတော့သည်၊၊
အငွေ့တစ်ထောင်းထောင်းထနေသည့် expresso ခွက်လေးထဲမှ အငွေ့တို့ နည်းပါးသွားသည့်အခါမှသာ Mile ဘက်ကနေစကာ စကားဆိုလာလေသည်၊၊
*မင်း ဒီတိုင်းပဲ ထိုင်ပြီး ကိုယ့်ကို ကြည့်နေတော့မှာလား *
*စကားပြောဖို့ခေါ်တာ ခင်ဗျား မဟုတ်ဘူးလား၊၊ *
Mile သူ့စကားဆုံးတာနှင့် ပက်ခနဲ ပြန်ပြောလာသည့် ကောင်လေးကြောင့် လက်မနှင့် လက်ညှိုးအား အသာပွတ်လိုက်ကာ တစ်ချက်ပြုံးလိုက်မိလေသည်၊၊ ထိုကလန်ကဆန် အကျင့်တွေ၊ ဆတ်ဆတ်ထိ မခံတတ်သည့် ပုံစံမျိုးတွေဟာ သူ့အား ပိုလို့ပင် ထိုကောင်လေး အပေါ်၌ အာရုံစိုက်ရန် ဆွဲဆောင်နိုင်ပေသည်၊၊
*ခုဏက အနမ်း ၊၊ အဲ့တာ မတော်တစ်ဆ မဟုတ်ဘူး *
Mile ၏ စကားအား ကြားသောအခါ ထိုကောင်လေး၏ မျက်ခုံးတစ်ဖက်ဟာ မြင့်တက်လာလေသည်ကို သူတွေ့လိုက်ရလေသည်၊၊ ထို့နောက်မှ ထိုကောင်လေးဟာ မဲ့ပြုံးလေးတစ်ခုနှင့်အတူ ရယ်လာလေတော့သည်၊၊
*အဲ့တော့ တာဝန်တွေ ဘာတွေများ ယူပေးမလို့လား ၊၊ မတော်တစ်ဆမဟုတ်တဲ့ အနမ်းတစ်ခုအတွက်နဲ့လေ *
ထို့နောက် သူတို့နှစ်ယောက်ကြားရှိ စားပွဲခုံအား လက်ထောက်ကာ သူ့မျက်နှာနားသို့ တိုးကပ်လာကာ ခပ်ရွဲ့ရွဲ့လေး ပြောလာလေတော့သည်၊၊ ထိုကောင်လေး၏ အကြည့်များ၊ မျက်နှာအမူအရာများဟာ သူ့အား လှောင်ရယ်နေသည်နှင့် တူနေသောကြောင့် Mile သိပ်သဘောမတွေ့လှပေ၊၊
*ကိုယ်တို့ စကားအကောင်းပြောနေတာ မင်း သေချာပြန်ထိုင်သင့်တယ်*
YOU ARE READING
Don't be Stubborn ! Baby
Fantasy"Only a person with strong mindset can submit to another person with strong mindset who can dominate " LilyLittleSexy