Part-13

2.8K 234 28
                                    

တီ တီ တီ!

နှစ်ခြိုက်စွာ အိပ်ပျော်နေသည့် အချိန်၌ ရုတ်တရက် စူးကနဲ ထွက်ပေါ်လာသည့် alarm သံဟာ Apo အား ပြင်းထန်စွာ နှောင့်ယှက်လေတော့သည်၊၊ နေ့တိုင်း နီးပါး ပထမအချိန်တွေ လွတ်နေတာမို့ နေ့တိုင်း ဒီအချိန်ပဲ alarm ပေးကာ ထသော်လည်း နိုးရုံလေးသာ၊ အမြဲ ထို alarm အား ပြန်ပိတ်ကာ သူအိပ်ချင်တဲ့ အချိန်အထိ ပြန် အိပ်နေကြပင်၊၊

ဤနေ့မှာလဲ ထိုနည်းလည်းကောင်းပင် ရှုပ်ပွနေသော သူ၏ ဆံပင်များနှင့် အိပ်ချင်မူးတူးဖြစ်နေသောကြောင့် မပွင့်တစ်ပွင့် ဖြစ်နေသော မျက်လုံးများအား ခဏအလုပ်ပေးကာ စားပွဲခုံ ရှိရာသို့ လေးဘက်ထောက်ကာ သွားရလေသည်၊၊ ထို့နောက်မှ နာရီအား ဘုန်းကနဲ ရိုက်ကာ ပိတ်လိုက်ပြီး စိတ်ချစွာနှင့် ပြန်အိပ်ရန် စောင်အောက်သို့ တိုးဝင်လိုက်လေသည်၊၊

ဒူ~ ဒူ~ ဒူ~

သူပြန်အိပ်ပျော်ခါနီးလေးမှာပင် တစ်ဖက် ခေါင်းအုံး၏ ဘေး၌ ထားထားသော ဖုန်းဆီမှ အဆက်မပြတ် တုန်ခါလာသောအခါ Apo  လျစ်လျူရှုထားရန် စိတ်ကူးလိုက်လေသည်၊၊ ပုံမှန်အားဖြင့် ဒီမှာ မနက်ဆို NewYork မှာညဘက်ဖြစ်နေတတ်တာမို့ သူ့မိဘတွေဆီကနေ ဆက်သွယ်လာတတ်သောကြောင့် ဖြစ်ပေသည်၊၊

ဒူ~ ဒူ~ ဒူ~

သို့သော် တစ်ခါ မကိုင်လဲ ဇွဲမလျော့ပဲ ဆက်တိုက်ပင် ခေါ်နေသည့် တစ်ဖက်က လူကြောင့် Apo ၏ မျက်ခုံးများဟာ တွန့်ချိုးသထက် တွန့်ချိုးလာလေတော့သည်၊၊ သူ့မိဘတွေသာဆို သူတစ်ခါ မကိုင်တာနဲ့ သူ့အကြောင်းသိတာမို့ ဆက်မခေါ်တော့ပေ၊၊

ထို့ကြောင့် စိတ်တိုတိုနှင့်ပင် ဖုန်းအား လှမ်းယူကာ answer key အား နှိပ်လိုက်ပြီး ဖြစ်သလို ပါးပေါ်သို့ တင်လိုက်ကာ သူကတော့ မျက်လုံးပြန်မှိတ်ထားလိုက်လေသည်၊၊

*He...llo..*

တစ်ဖက်က ဘာမှမပြောလာခင် Apo၏ ပျင်းရိနေသော အသံဟာ အရင်ဆုံးထွက်လာလေသည်၊၊

*ကိုယ် ဖုန်းဆက်နေတာ သုံးခါတောင်ရှိပြီ Apo *

သူ့၏ လေးတိလေးဖင့် အသံအဆုံး ထွက်ပေါ်လာသည့် ချိုမြကာ ကြည်လင်သော ယောကျ်ားတစ်ယောက်၏ အသံကြောင့် Apo ၏ မျက်လုံးများဟာ ချက်ချင်း ပွင့်လာလေတော့သည်၊၊ ထို့နောက်မှ သူနှင့် တစ်ဖက်မှ ဖုန်းခေါ်ဆိုသူ၏ ပက်သက်မှုအား တစ်ဆင့် ပြန်သတိရသွားသည့်အခါ Apo အိပ်နေရာကနေ ဆက်ကနဲ ထထိုင်လိုက်မိလေသည်၊၊

Don't be Stubborn ! Baby Tahanan ng mga kuwento. Tumuklas ngayon