Part-30(Don't be stubborn baby)

4.8K 241 17
                                    

ကာရံထားသည့် မှန်မှတစ်ဆင့် အခန်းအတွင်းသို့ ဖြာကျနေသော နေရောင်နွေးနွေးလေးတွေကြောင့် သာယာသည့် မနက်ခင်းလေး တစ်ခုပင် ဖြစ်ပေသည်။ သို့သော် ဘေးဘီ၌ သွားလာ လှုပ်ရှားနေကြသည့် ကားများ၏ ဆူညံသံများနှင့် ဆန့်ကျင်စွာပင် ၁၅ ထပ်မြောက်ရှိ ကွန်ဒိုအခန်းလေးတစ်ခန်းကတော့ အပ်သံပင် ကြားရအောင် တိတ်ဆိတ်နေလေပေသည်။

Apo ရောက်လာကတည်းက သူ့အား ဘာမှမပြောတော့ဘဲ ဒူးပဲထောက်ခိုင်းထားကာ အရှေ့ကနေ ထိုင်ကြည့် နေသည့် လူကြီးကြောင့် ဘာဆက်လုပ်ရမလဲပင် မသိတော့။ သူ့မှာ ထိုလူကြီး၏ လှုပ်နိုးခြင်းကို ခံလိုက်ရကတည်းက ‌ဘောင်းဘီပင် ထမဝတ်နိုင်။ မနေ့ညက နေခဲ့သည့်အတိုင်း Hoodie အပန်းရောင်တစ်ထည်နှင့် boxer အမဲရောင်လေးသာ ဝတ်ထားလျက်နှင့် ဒူးထောက်နေရခြင်း ဖြစ်ပေသည်။  ကြိမ်းသေပေါက်တော့ ဒီတစ်ခေါက် ဒီလူကြီး သူ့အား တော်တော်လေး စိတ်ဆိုးနေပုံပင်။

*မနေ့ညက ဖုန်းမချခင် ကိုယ် ဘာပြောခဲ့လဲ *

အတော်ကြာကြာ ဘာမှမပြောပဲ စိုက်ကြည့်နေရာမှ ပထမဆုံး မေးလာသည့် စကားမို့ Apo အကျပ်ရိုက်စွာပင် ဖြေမိပေသည်။

*ကိုယ့်အပြစ်ကိုယ် သုံးသပ်နေပါလို့ ....*

Apo ၏ အသံဟာ မပြောချင် ပြောချင်နှင့်မို့ အနောက်ဖျားလေးပင် တိုးဝင်သွားလေတော့သည်။ ထို့အပြင် P'Mile ၏ မျက်နှာအား အကဲခတ်ချင်တာမို့ မျက်လုံးလေးကို လှန်ကာ ခိုးကြည့်လိုက်သည့်အခါ သူ့အား စိုက်ကြည့်နေသည့် စူးရှနက်မှောင်လွန်းသည့် အကြည့်များကြောင့် Apo ဇာတ်ကလေးပင် ပုဝင်သွားလေတော့သည်။

P'Mile ဟာ ပုံမှန်အချိန်ဆို အမြဲတစ်စေပြုံးကာ လူအများအား ဖော်ဖော်ရွေရွေ ဆက်ဆံတတ်သော်လည်း ဒေါသထွက်လာသည့်အခါ စကားတွေ အများကြီး မပြောနေပေ။ သူ၏ နက်မှောင်ကာ စူးရှနေသည့် အကြည့်များအောက်တွင် အလူးအလဲကို ရုန်းကန်ခိုင်းမည့်သူမျိုး ဖြစ်ပေသည်။ ထိုအရာကပင် ပိုကြောက်ဖို့ ကောင်းသည့် အချက်ဖြစ်ပေသည်။

*အဲ့တော့ အပြစ်သုံးသပ်နေတဲ့ နည်းက ဒီနည်းနဲ့ပေါ့ ဟုတ်လား*

Don't be Stubborn ! Baby Where stories live. Discover now