Apo သူ၏ အနီရောင် ဆိုင်ကယ်လေးအား ပါကင်မှာရပ်ကာ ဆိုင်ကယ်ဦးထုပ်ကိုချွတ်လိုက်ပြီး ထုံးစံအတိုင်း မျက်စိရှေ့ရှိ club ၏ ဆိုင်းဘုတ်အား မော့ကြည့်လိုက်လေသည်၊၊
"Wild Fun Club "
အနီရောင်မီးသီးများ၏ အထောက်အပံ့နှင့် ထင်းထင်းကြီး မြင်နေရသည့် ထိုဆိုင်းဘုတ်အား ကြည့်ကာ ဒီနေ့တော့ Apo သက်ပျင်း တစ်ခုချမိလေသည်၊၊ သူကျောင်းကပြန်လာကတည်းက P'Mile ဆီမှာ ခွင့်တောင်းခဲ့ပေမယ့် ဟိုလူကြီးက သူ့အား သိပ်လွှတ်ချင်တာ မဟုတ်ပေ၊၊ သူကတော့ ပွင့်လင်းတဲ့ New York လို နေရာမျိုးမှာ နေလာခဲ့တာမို့ ရည်းစားဟောင်းနဲ့ ပြန်တွေ့လဲ စိတ်ထဲ သူငယ်ချင်းထက် လုံးဝမပိုပေမယ့် P'Mile အနေနဲ့ စိတ်ထဲ သိပ်ကြည်မှာတော့ မဟုတ်တာ သူသိပေသည်၊၊
ထို့ကြောင့်လဲ သူ့အနေနဲ့ သပ်သပ်မဲ့ Miss ရဲ့ club ကိုသာ ရွေးလိုက်ခြင်း ဖြစ်လေသည်၊၊
Apo club ထဲဝင်သွားတာနှင့် တီးလုံးသံများများနှင့် လန်းဆန်းတက်ကြွနေသည့် ပတ်ဝန်းကျင်နှင့် ဆန့်ကျင်စွာ bar counter မှာ ထိုင်ရင်း Jim တစ်ခွက်သောက်နေသည့် Miss နှင့် တိုးလေတော့သည်၊၊ ပုံစံကို ကြည့်ရတာ အရင်နေ့များနှင့်မတူ အနည်းငယ် ငြိမ်နေပုံရတာမို့ Apo Miss၏ ပုခုံးအား လှမ်းပုတ်ကာ စလိုက်လေသည်၊၊
*ငိုင်လှချည်လား၊၊ Miss မှ ဟုတ်ရဲ့လား *
Apo ၏ အသံကြားတော့ ခေါင်းငိုက်စိုက်နေသည့် Miss ဟာ သူ့အား မော့ကြည့် လာလေသည်၊၊
*WTF!*
ထိုအခိုက် သူပါးစပ်ကနေပင် ယောင်မိသွားလေတော့သည်၊၊ အမဲရောင် eye liner တွေနှင့် mascara မဲမဲများဟာ Miss၏ နီရဲနေသော မျက်လုံး တစ်ဝိုက် ကြည့်ရဆိုးလှလေသည်၊၊ ကြည့်ရတာ ငိုထားပုံလဲရသေး သည်၊၊ သူ Miss ကို သိခဲ့သည့် သက်တမ်းတစ်လျှောက် ဒီလောက်ထိ လဲကွဲနေသည့် ပုံစံအား မမြင်ဖူးသည်မို့ Apo အံ့သြမိသွားတာတော့ အမှန်ပင် ဖြစ်လေသည်၊၊
*ဘာဖြစ်တာလဲ Miss ၊၊ ပုံစံကလဲ ရည်းစားပစ်သွားတဲ့
ပုံနဲ. .. **ဟဲ့ !!*
Apo စကားပင် မဆုံးသေး သူ့အား ထအော်လာသည့် Miss ကြောင့် နှလုံးပင် ဒုတ်ကနဲ ခုန်သွားလေတော့သည်၊၊ Miss ပုံစံကို ကြည့်ရတာ တကယ်ကြီး သူပြောသလို ဖြစ်နေပြီ ထင်ပါသည်၊၊

ВЫ ЧИТАЕТЕ
Don't be Stubborn ! Baby
Фэнтези"Only a person with strong mindset can submit to another person with strong mindset who can dominate " LilyLittleSexy