လက်ထဲရောက်လာသည့် ဆိုင်ကယ် ဦးထုပ် အနီရောင်လေးအား Apo ကြည့်ကာ တစ်ချက်ပြုံးရင်း ပုံစံတစ်ကျဖြစ်အောင် စောင်းလိုက်လေသည်၊၊
ထို့နောက် ဆိုင်ကယ်အား ခြေထောက်တစ်ဖက်နှင့် ထောက်ကာ သူတက်လာမည်ကို စောင့်နေသည့် ထိုလူ၏ နောက်၌ ခွကာ ဝင်ထိုင်လိုက်လေသည်၊၊ ထို့နောက်မှာတော့ Apo ၏ လက်များဟာ အသားကျနေသည့် အလုပ်တစ်ခုပမာ ထိုလူ၏ ပုခုံးပေါ်၌ ဆုပ်ကိုင်ပြီးသား ဖြစ်နေလေတော့သည်၊၊*မင်း အရင် Condo ကိုပဲ ပြန်ပို့ရင် ရပြီမဟုတ်လား *
ထိုလူဟာ သူ့အား နောက်ကြည့်မှန်မှတစ်ဆင့်ကြည့်ကာ လှမ်းမေးလာလေသည်၊၊ ဆိုင်ကယ်ဦးထုပ်ကြောင့် မျက်လုံးသာ ပေါ်နေသော်လည်း ထိုလူကြီး၏ နက်မှောင်နေသော မျက်ဝန်းတစ်စုံဟာ ညမီးရောင်များ၏ အထောက်အပံ့နှင့်ပင် လွန်စွာမှ တောက်ပလှပေသည်၊၊
*အင်း*
ထို့နောက်မှာတော့ အကြာကြီး ဆက်ကြည့်နေလျှင် မကောင်းတာမို့ Apo အဖြေပြန်ပေးလိုက်သည့်အခါ ဆိုင်ကယ်ဂီယာဆွဲသံနှင့်အတူ လမ်းမကြီးဘက်သို့ တစ်ရှန်ထိုး မောင်းနှင်လာခဲ့တော့သည်၊၊
အချိန်ကား ည 11 နာရီကျော်ပြီ ဖြစ်တာမို့ လမ်းမကြီးပင် ဖြစ်သော်လည်း ကားများမှာ တစ်စီးစ၊နှစ်စီးစသာ ရှိပေတော့သည်၊၊ ထို့ကြောင့် လေထုဟာ နေ့ဘက်ထပ် ပို၍ လက်ဆက်လို့နေလေတော့သည်၊၊
Apo သူကိုယ်တိုင်လဲ ဆိုင်ကယ်စီးရသည်ကို နှစ်သက်လှပေသည်၊၊ ဘယ်နေရာမဆို သွားလို့ လွယ်ကူပြီး သူ၏ ငယ်ရွယ်သွက်လက်မှုအား ပို၍ ထောက်ပံ့ပေးနေသည်ဟု ထင်ရသောကြောင့် သူအမြဲလိုလို ကားထပ်၊ ဆိုင်ကယ်ကိုသာ ရွေးချယ်လေ့ရှိပေသည်၊၊
ကိုယ်တိုင်က ဆိုင်ကယ်စီးရတာ နှစ်သက်လှသော်လည်း တစ်စိမ်းတစ်ယောက်၏ ဆိုင်ကယ် နောက်၌ လိုက်စီးသည်မှာ သူ့ဘဝ၌ ပထမဆုံးပင် ဖြစ်သည်ဟု ပြောလျှင် သူလိမ်နေသည်ဟု ထင်ကောင်းထင်နိုင်ပေသည်၊၊ သို့သော် သူ့အနေနဲ့ Koe နှင့် Moon တို့၏ ဆိုင်ကယ်ကိုပင်
လိုက်မစီးဖူးခဲ့ပေ၊၊သို့သော် ယခုလို တစ်စုံတစ်ယောက်၏ ဆိုင်ကယ်နောက်၌ ထိုင်ကာ စီးရသည့်အခါလဲ မတူညီသည့် ခံစားချက်များ ရသည်ကို ခံစားမိသည့်အခါ Apo ဤခံစားချက်အား နှစ်သက်မိလာတော့သည်၊၊ ထို့ကြောင့်ပင် လေညှင်းလေးများ၏ အထိအတွေ့အား ခံစားရန် သူ၏ လက်တစ်ဖက်အား ဖြန့်ကား လိုက်လေတော့သည်၊၊
ထိုအခါ အေးစက်လှသည့် လေညှင်းလေးများ၏ အထိအတွေ့အား သူ၏ လက်ဖျားထိပ်လေးတွေ၌ ခံစားမိလိုက်လေသည်၊၊
BINABASA MO ANG
Don't be Stubborn ! Baby
Fantasy"Only a person with strong mindset can submit to another person with strong mindset who can dominate " LilyLittleSexy