"Wild Fun Club "
ဤညအတွက် club ၏ theme ဟာ အနီရောင် ဖြစ်တာမို့ club အဝင်ဝရှိ ဆိုင်းဘုတ်၏ မီးရောင်ကပင် အနီရောင် သန်းနေသည့် မီးရောင်ဖြစ်ပေသည်၊၊ ည 8 နာရီလောက် ရောက်သည့်အခါ Apo စီးလာသည့် ဆိုင်ကယ်လေးဟာ ထို club ရှေ့၌ ရပ်တန့်သွားလေတော့သည်၊၊ ထို့နောက် လျင်မြန်ကျွမ်းကျင်စွာပင် ပါကင်၌ ဝင်ထိုးလိုက်ကာ ဆိုင်ကယ်ဦးထုပ်အား ချွတ်လိုက်လေသည်၊၊ ထိုအခါ ဝါကျင်ကျင် လမ်းမီး၏ အလင်းရောင်ဟာ သူ၏ ချောမောလှသော မျက်နှာလေးအား လာဟပ်သောအခါ မြင်ရခဲသော အလှတစ်ပါးကဲ့သို့ပင်၊၊
သို့သော် Apo ကတော့ သူ့၏ ပုံစံအား သိပ်ပင် ဂရုမစိုက်ပဲ ဆံပင်အား ဆွဲဖွကာ club အတွင်းသို့ ဝင်လာခဲ့လိုက်လေသည်၊၊ သူ၏ ခြေလှမ်းများ club ထဲသို့ စတင်ခြေလှမ်းတာနှင့် ကြီးစိုးလာသည့် အနီရောင် ပတ်ဝန်းကျင် တစ်ခုကြောင့် Apo ခပ်ရေးရေးလေး ပြုံးမိလေသည်၊၊ ထို့အပြင် လိင်စိတ်အား နှိုးဆွပေးနိုင်လောက်သည့် သံစဥ်များဟာ club အတွင်း၌ ပြန့်လွှင့်နေပြီး ပုံမှန်မြင်နေကြမဟုတ်သော်လည်း၊ သူနှင့် မစိမ်းသက်နေသည့် cosplay ဝတ်စုံများနှင့် လူများဟာလဲ သူ့အတွက်တော့ စိတ်ဝင်စားစရာ ကောင်းလှပေသည်၊၊
ယောကျ်ား၊မိန်းမ မည်သည့် လိင်အမျိုးအစားပင်ဖြစ်ပါစေ၊ မိမိတို့ နှစ်သက်သော ပုံစံအတိုင်း cosplay လာကြခြင်း ဖြစ်ပြီး Leather ဘောင်းဘီအကျပ်တစ်ထည်တည်းသာ ဝတ်ထားပြီး အပေါ်၌ ဘာမှမဝတ်ထားသည့် သူများလဲ တွေ့ရသလို၊ club အတွင်းမှာပင် လည်ပင်း၌ collar တပ်ကာ Master ဖြစ်သူ၏ ကျိုးဆွဲရာအတိုင်း လေးဘက်ထောက်ကာ သွားနေသည့် အတွဲမျိုးလဲ ရှိပေသည်၊၊ ဤ club ၌ public s*x၊ naked ဝတ်ခြင်း မှအပ ကျန်သည့်ကိစ္စများအား Lydia ဟာ ခွင့်ပြုပေးထားတာမို့ လွန်စွာမှ လွတ်လပ်လှပေသည်၊၊
ထို့နောက် အနောက်တိုင်း ဝတ်စုံဝတ်ထားသည့် အမျိုးသမီးနှင့်အတူ လက်တစ်ဖက်ဆီ၌ လက်ထိပ်ခပ်ကာ လိုက်လာနေသည့် maid ဝတ်စုံနှင့် ကောင်လေးလဲ ရှိသလို၊ ယုန်ပုံစံ၊ ခွေးကလေးပုံစံ၊ ကြောင်ကလေးပုံစံ စသည်စသည်ဖြင့် ဝတ်စားထားကြသည့် သူများစွာလဲ ရှိပေသည်၊၊ သို့သော် တစ်ယောက်မှ အတင်းဖိအား ပေး ခံထားရတာမျိုးမရှိ၊၊ မိမိတို့၏ ဖြစ်တည်မှုအား မိမိတို့ကိုယ်တိုင် ကျေနပ်ကာ ပျော်ရွှင်နေကြသူများသာ ဖြစ်ပေသည်၊၊
YOU ARE READING
Don't be Stubborn ! Baby
Fantasy"Only a person with strong mindset can submit to another person with strong mindset who can dominate " LilyLittleSexy