မနက် 11 နာရီပင်ကျော်နေပြီမို့ တက္ကသိုလ်ကျောင်းပင် ဖြစ်လင့်ကစား ကျောင်းဝင်းထဲ၌ လက်ယားလက်ယား လျှောက်သွားနေကြသည့် ကျောင်းသားများ သိပ်မရှိကြတော့ပေ၊၊ ထိုအချိန်၌ပင် ကျောင်းဝင်းထဲသို့ ဝူးကနဲ မောင်းဝင်လာသည့် ပြိုင်ကား အဝါရောင်တစ်စီးဟာ ဌာနရှေ့ရှိ ကားပါကင်၌ ကျွမ်းကျင်စွာပင် ပါကင်ဝင်ထိုးလာလေတော့သည်၊၊ ထို့နောက် ကားထဲမှအရင်ဆုံး ထွက်လာသည်က အနက်ရောင် all star sneakerလေးတစ်ရံဖြစ်ပြီး ကားထဲမှ ထွက်လာသူကတော့ မေးစရာပင်မလိုပေ၊၊ Apo Nattawin ဖြစ်ပေသည်၊၊
Apo ကားထဲက ထွက်လာလာခြင်း သူ၏ မျက်လုံးဆီသို့ နေရောင်လာထိုးတာမို့ မျက်နှာထက်၌ အလိုမကျမှုနှင့်အတူ နေကာမျက်မှန် အညိုရောင်လေးအား ထုတ်ကာ ဝတ်လိုက်ပြီး လွယ်အိတ်အား ကားထဲမှ လှမ်းယူကာ ဘေးတစ်စောင်းလွယ်လိုက်လေသည်၊၊ ထို့နောက် ပူပြင်းလှသည့် နေရောင်ကြောင့် မျက်နှာရှုံ့မဲ့လိုက်ကာ အမြန်ပင် Lobby ပေါ်သို့ ပြေးတက်လာလိုက်လေသည်၊၊
Shirt အဖြူရောင်အား ရင်ဘတ်ကြယ်သီး သုံးလုံးလောက် ဖြုတ်ကာ ဝတ်ထားကာ ၊သူ၏ ပင်ကိုယ် style အတိုင်းပင် လျော့ရဲစွာ တပ်ထားသည့် necktie နက်ပြာရောင်လေးဟာ သွေးကြောတွေ ထင်းနေသော လည်တိုင်တစ်လျှောက် လိုက်ဖက်စွာ ရှိနေပေသည်၊၊Shirt အင်္ကျီအား ဘောင်းဘီထဲသို့ထည့်ကာ ဝတ်ဆင်ထားသဖြင့် ခါးပတ်စည်းထားသည့် နေရာ၌ သွယ်လျစွာ ပေါ်လွင်နေသည့် ကောက်ကြောင်းဟာ ဖြောင့်တန်းနေသည့် ခြေတံရှည်များနှင့် ပေါင်းစပ်လိုက်သည့်အခါ ကျား၊မ မရွေး ငေးရသည့် သူဖြစ်နေရခြင်းမှာ အဆန်းမဟုတ်တော့ပေ၊၊
ထို့နောက် Lobby ပေါ်သို့ရောက်သောအခါ Apo airpod အား ကောက်တပ်လိုက်ပြီး အတန်းရှိရာသို့ တန်းကာသွားရန် စိတ်ကူးလေသည်၊၊
နဂိုထဲက လူအများစု၏ အာရုံဟာ သူ့ထံ၌ ရှိနေကြမို့ လူတွေကြည့်ကြတာ သူသိပေမယ့် ယနေ့မှာတော့ သူ့အား ကွက်ကြည့်ကွက်ကြည့်လုပ်ကာ တိုးတိုးတိုးတိုးနှင့် လုပ်နေကြသည့် သူများအား တွေ့လိုက်ရတာမို့ Apo အလိုမကျစွာပင် မျက်ခုံးများတွန့်ချိုးမိလေသည်၊၊
တင်! တင်!
ထိုအချိန်၌ပင် သူ၏ ဖုန်းထဲသို့ Line မှ message တွေဝင်လာတာမို့ ဖုန်းအား ဖွင့်ကြည့်လိုက်လေသည်၊၊
Message ဟာ သူတို့ သူငယ်ချင်းများသာ ရှိသော private group ကနေ သူ့အား mention ခေါ်ကာ ပြောထားခြင်း ဖြစ်ပေသည်၊၊
![](https://img.wattpad.com/cover/322130489-288-k389685.jpg)
ESTÁS LEYENDO
Don't be Stubborn ! Baby
Fantasía"Only a person with strong mindset can submit to another person with strong mindset who can dominate " LilyLittleSexy