ကုမန်ကခေါင်းငုံ့ကာကုစီကိုတစ်ချက်ကြည့်လိုက်ရင်း အကျီအိတ်ကပ်ထဲမှ လက်ကို ထုတ်ကာသူ့ခေါင်းကို ဖွဖွဖိလိုက်သည်။
"အခုသိပီမှတ်လား..ဒါကျောင်းမဟုတ်ဘူး..စစ်တပ်ပဲ..."
ကုစီကခေါင်းငုံ့ရင်းပျော့ပြောင်းစွာပြောလိုက်သည်။
"အင်း..သိပါတယ်"
ကုမန်ကမျက်ဝန်းတွေမှေးကျဉ်းရင်းသူ့ကိုကြည့်ကာ
"ကုစီ..နင်ကအရမ်းဉာဏ်ကောင်းတဲ့ပါရမီရှင်တစ်ယောက်ပဲဒါပေမယ့်..နင်ကမသန်မာသေးဘူး။တစ်ခုခုဖြစ်ခဲ့ရင်ငါ နင့်ကိုကာကွယ်နိုင်ဖို့အာမခံချက်မရှိဘူး"
"ကျွန်တော်သိပါတယ်"
ကုစီမျက်ဝန်းတွေကနီရဲကာမှုန်ရီနေသည်။
"ဒါပေမယ့်..ကျွန်တော်အစ်မနဲ့မခွဲချင်ဘူး"
ကုမန်ကသူ့ကိုဖက်ရင်းသူ့နောက်ကျောကိုဖွဖွပုတ်ပေး လိုက်ကာ..
"လိမ္မာတယ်.."
ကုစီကငိုရှိုက်ရင်းခေါင်းမော့ကာမျက်ရည်တွေကိုသုတ် လိုက်သည်။
သူကအံကြိတ်ကာ လေးနက်စွာပြောလိုက်သည်၊
"အစ်မကျွန်တော်ပြန်လာတာကိုစောင့်နေပါ..အစ်မကို အနိုင်ကျင့်တဲ့လူတွေကိုကျွန်တော်ပဲဆုံးမပေးမယ်!"
ကုမန်ကရယ်မောရင်းသူ့ပုခုံးသေးသေးလေးကိုကိုင်ကာ
"ဘယ်သူကငါ့ကိုအနိုင်ကျင့်ရဲ့မှာလဲ?သူတို့ငါ့လက်ထဲ ဘိလပ်မြေမဖြစ်ချင်ရင်ပေါ့"
ကုစီကနှုတ်ခမ်းတွေကိုတင်းတင်းစေ့ထားလိုက်သည်။သူ့မျက်ဝန်းတွေကခိုင်မာကြည်လင်နေသည်။
"နောက်ဆို..အစ်မလက်တွေကိုအချိုပွဲစာပီးနို့သောက်ဖို့ပဲ သုံးတော့..အစ်မကိုရန်စလာတဲ့လူအားလုံးကိုကျွန်တော် ရိုက်ပေးမယ်..အစ်မကပွဲထိုင်ကြည့်နေရုံပဲ!"
"အိုကေ" ကုမန်ကပြုံးကာသူ့မျက်နှာကိုထိလိုက်သည်။
"တပ်ထဲမှာကောင်းကောင်းနေ..အရမ်းထင်ပေါ်အောင် မနေနဲ့..အရမ်းမမမောက်မာနဲ့..နားလည်လား?"
ကုစီကပခုံးပေါ်ကအိတ်ကိုတင်းတင်းဆုပ်ကိုင်ရင်း
"အင်း..အစ်မ!ကျွန်တော့်ကိုစောင့်နေ!"
YOU ARE READING
My Wife Slaps People in the Face Online Daily
General Fiction***** Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/content belongs to its rightful author.If you are the original author and would like to remove the content in this site, please...