Chapter 15 - U/Z

143 14 0
                                    

သူမအသံကအခန်းတွင်းလေထုကိုရုန်းရင်းဆန်ခတ်ဖြစ် သွားစေတယ်..။လုကျီဝေကမျက်ခုံးတွန့်ကာသူမဘက်ကို ပြန်ကြည့်လိုက်သည်။ ကုမန်မျက်နှာကိုတွေ့တော့သူမရဲ့ မျက်ဝန်းအိမ်တွေကကျဉ်းမြောင်းလာပြီးမနှစ်မြို့တဲ့အလင်း တန်းများ သူမ မျက်လုံးများ အတွင်းသို့ တိုးဝင်လာကာ.. အေးစက်တဲ့အသံဖြင့်..

"နင်ကဘယ်သူမို့ငါတို့ကိုလာဝေဖန်နေတာလဲ?"

သူမကကုမန်ကို ခေါင်းမှ ခြေဖျားအထိ မသိမသာအကဲ ခတ်သလိုကြည့်လိုက်သည်။သူမ ဝတ်ဆင်ထားသည့် အဝတ်အစား အမှတ်တံဆိပ်များကိုပင် ခွဲခြား၍မရပေ။အဲ ဒိ့လိုလူကသူမရဲ့ကျွမ်းကျင်မှုကို မည်ကဲ့သို့ ပြစ်တင်ဝေဖန် စကားလာပြောနေတာလဲ။

ကုမန်သည် လက်နှစ်ဘက်လုံးကို အိတ်ကပ်ထဲထည့်ကာ အဘွားအိုကို အေးဆေးစွာ စိုက်ကြည့်လိုက်သည်။

သုံးစက္ကန့်အကြာတွင် သူမက စူးရှသောလေသံဖြင့် ပြောလိုက်သည် ။

"၂ရက်..."

ကုမန်နှုတ်ဖျားမှ ဤရိုးစင်းသော စကားနှစ်ခွန်းကို ကြား လိုက်ရတာနဲ့လုရှန်ကျင်းစိတ်ထဲတွင် အလေးချိန်တစ်ခု ချက်ချင်းကျဆင်းသွားသည်။

ကုမန်ကသူမကိုကုသပေးနိုင်ဖို့ယုံကြည်ချက်ရှိပုံရတယ်။သူကလုချန်ကျိုးကိုပြန်ကြည့်ပြီး

"ချန်ကျိုး..ကုမန်က ၂ရက်အချိန်လိုတယ်.."

လုချန်ကျိုးကကုမန်ကိုပြန်ကြည့်လိုက်သည်။သူမရဲ့မျက် ဝန်းတွေကအေးစက်တောက်ပနေပြီးအနည်းငယ်အရိုင်း ဆန်တဲ့ယုံကြည်ချက်များနဲ့ပြည့်နေသည်။သူက..

"သူမ၂ရက်အတွင်းပြန်သတိရလာမှာလား?"

အဘွားလုဒီလိုနေမကောင်းဖြစ်နေတာတစ်နှစ်နီးပါးဖြစ်နေ ပြီ..နိုင်ငံကအကောင်းဆုံးသမားတော်တွေအများကြီးကို ကြည့်ခိုင်းခဲ့ပေမယ့်သူမအခြေအနေကိုထိန်းနိုင်ရုံသာအား လုံးကတက်နိုင်ခဲ့ကြတယ်။အားလုံးကသူမကိုအသိစိတ်မဲ့ နေရင်တောင်မှအသက်မဆုံးရှုံးဖို့ကိုသာကာကွယ်ပေးနိုင် ခဲ့ကြတယ်။

ကုမန်ကမျက်ခုံးပင့်ရင်းပခုံးတွန့်ကာ.."သတိပြန်ရလာဖို့ တစ်နာရီကြာမယ်..အပြည့်အဝပြန်ကောင်းလာဖို့၂ရက် အချိန်လိုတယ်..."

My Wife Slaps People in the Face Online DailyWhere stories live. Discover now