မန်ကျင်းရန်စကားကို ကြားတော့ကုမန်ကတစ်စုံတစ်ခုကို သတိရသွားပြီးအေးစက်သောမျက်လုံးများပေါ်တွင် ရက် စက်ကြမ်းကြုတ်သောအကြည့်များတောက်ပလာသည်။
သူမကမန်ကျင်းရန်ရဲ့အပြစ်ရှိသလိုခံစားနေရတဲ့မျက်နှာကို မော့ကြည့်ကာရုတ်တရက်ပြုံးလိုက်သည်။
"ကောင်းပြီ..ဒါပေမယ့်နင်င့ါအတွက်ကျောင်းကအိမ်စာ တွေအကုန်လုပ်ပေးဖို့လိုတယ်"
ထိုစကားကိုကြားတော့မန်ကျင်းရန် အနည်းငယ် တုန်လှုပ် သွားသည်။ ကောင်းပြီ၊ ကုမန်က သူမနဲ့ ကျောင်းတက်ဖို့ ဆန္ဒရှိနေတာအကောင်းဆုံးပဲ..မန်ကျင်းရန်အကြည့်ချက် ခြင်းစိတ်စောမှုတွေနဲ့ပြည့်သွားပြီး..
"ဒါဆိုချန်နင်ကိုပြန်ပြီးတော့ကျောင်းရှာရအောင်.."
ကုမန်ကနောက်ထပ်သရက်သီးခြောက်တစ်ခုကိုကောက်ယူစားလိုက်ပီးတော့.."ငါတို့ချန်နင်ကိုမသွားဘူး..မင်မြို့ မှာပဲကျောင်းတက်ကြမယ်.."
မန်ကျင်းရန်ကသူမကိုအံ့သြစွာကြည့်လိုက်ပြီး.."ဘာလို့လဲ?"
"ငါ့မိဘတွေလွန်ခဲ့တဲ့နှစ်ဝက်ကအက်စီးဒင့်ဖြစ်ပြီးဆုံးသွား ကြပြီ.."
"ဘာ?!"
မန်ကျင်းရန်အမူအရာကချက်ခြင်းပြောင်းလဲသွားသည်။
"ဘယ်လိုဖြစ်သွားတာလဲ?"
ကုမန်ကအမူအယာမပျက်ဘဲအေးဆေးစွာပြန်ဖြေလိုက်၏
"ကားအက်စီးဒင့်ဖြစ်သွားတာ.."
မန်ကျင်းရန်နှလုံးသားတွေကတုန်ယင်သွားသည်။
"ဒါဆို ကုရင် နဲ့ ကုစီကရော?"
"နင်အဲဒါတွေကိုစိတ်မပူနေနဲ့..ငါမင်မြို့မှာကျောင်းရှာပြီး တော့နင်နဲ့အတူလိုက်ပြီးကျောင်းတက်ပေးမယ်"
ကွယ်လွန်သူ မိဘနှစ်ပါးကို ပြောပြနေစဉ် ကုမန်အသံက အေးဆေးတိတ်ဆိတ်နေသည်။ သူမ၏မျက်လုံးများက နက်နဲသောရေကန်များကဲ့သို့ ငြိမ်သက်အေးစက်နေသည်
ကုမန် ထပ်မပြောချင်တော့တာကို မြင်လိုက်ရသဖြင့် မန်ကျင်းရန်က ထိုအကြောင်းကို မပြောတော့ပေ။
YOU ARE READING
My Wife Slaps People in the Face Online Daily
General Fiction***** Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/content belongs to its rightful author.If you are the original author and would like to remove the content in this site, please...