Chapter 24 - U/Z

121 14 0
                                    

အဘွားလုကအခန်းပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး..

"သမီးရဲ့တတိယအစ်ကိုရော?"

နိုးလာပြီးခဏအကြာမှာသူမကသူမရဲ့ခေါင်းမာတဲ့မြေးကို သတိရလိုက်သည်။ လုကျီဝေကစက္ကန့်နည်းနည်းလောက် ဘာပြောရမှန်းမသိဖြစ်သွားပေမယ့်ချက်ခြင်းအိန္ဒြေဆယ် လိုက်ကာ.. "တတိယအစ်ကိုကအဘွားအခြေအနေတည် ငြိမ်သွားပြီဆိုတာနဲ့ပြန်ထွက်သွားတယ်..သူလဲအခုအရမ်း အလုပ်များနေပုံပဲ"

"ငရဲလိုအလုပ်များနေတာလား!"

အဘွားလုကကျယ်လောင်စွာဆူပူလိုက်သည်။

သူမမနိုးခင်ထွက်ပြေးသွားတာအသိသာကြီး..!

"စိတ်မဆိုးပါနဲ့အဘွား"

လုကျီဝေကစိတ်ရှည်စွာအကြံပေးလိုက်သည်။

"အပြင်မှာအဒေါ်တွေ၊ဦးလေးတွေ၊ဝမ်းကွဲတွေအဖွားနဲ့ တွေ့ချင်လို့စောင့်နေတယ်..သူတို့ကိုဝင်ခိုင်းလိုက်ရမ လား?"

အဘွားလုကအသက်ပြင်းပြင်းရှုလိုက်ပြီး.."သူတို့ကိုပြန် သွားကြလို့..ငါအိပ်ယာပေါ်ကထွက်နိုင်တော့မှပြန်လာ တွေ့ကြပါလို့ပြောလိုက်ပါ...ဒီမှာမင်းရှိနေရင်ရပြီပဲ..."

"ဟုတ်ကဲ့"

သာမာန်ထက်ပိုဦးစားပေးဆက်ဆံခံလိုက်ရတော့လုကျီဝေမျက်ဝန်းတွေကပိုတောက်ပသွားသည်။

ဒီအဖြစ်အပျက်ကသူမတို့ဒုတိယလုမိသားစုရဲ့ အဆင့် အတန်းကို မြင့်တက်စေမှာ သေချာပါတယ်။

ဆဌမဦးလေးနဲ့အဲဒိ့မိန်းမကမင်မြို့ကိုပြန်သွားလောက်ပြီ..

တတိယအစ်ကိုဘာမှမပြောသရွေ့လုမိသားစုကဘယ်သူကမှလဲပြောရဲမှာမဟုတ်ဘူး။

အဲဒိ့မိန်းမပေးတဲ့ဆေးညွှန်းကိုသူမကတခြားနည်းနဲ့လက် ကျန်သွေးခဲပျော်အောင်လုပ်ပီးတော့လျစ်လျူရှုလိုက်လို့ရ တယ်..အဲဒိ့လောက်တော့သူမလုပ်နိုင်မယ်လို့ယုံကြည် တယ်။

...

မင်မြို့..

လုရှန်ကျင်းကကားပေါ်မှ ဆင်းပြီးနောက် စားသောက်ဆိုင် ထဲကိုတစ်ချက်အကဲခတ်လိုက်သည်။အဲဒိ့နောက်ချိန်းထား တဲ့အခန်းဆီကိုသွားပြီးတံခါးတွန်းဖွင့်လိုက်တော့အထဲမှာ ကုမန်နဲ့မန်ကျင်းရန်ကစားသောက်နေပြီဖြစ်သည်။

My Wife Slaps People in the Face Online DailyWhere stories live. Discover now