လုချန်ကျိုးရဲ့အေးစက်တဲ့မျက်ဝန်းတွေကသူမကိုကြည့် လိုက်သည်။
"အန်တီ?"
လုရုံရှီကလုမိသားစုရဲ့အငယ်ဆုံးသမီး..။
ထိုအမျိုးသမီး၏ ဖီးနစ်မျက်လုံးများက လုရှန်ကျင်းကို တစ်ချက်ကြည့်သွားကာ တိုးညှင်းစွာပြောလိုက်သည်။
"ချန်ကျိုး..မင်းဝင်လို့ရတယ်..ဒီနှစ်ယောက်တော့မရဘူး"
အားလုံးရဲ့စိမ်းသက်တဲ့မျက်ဝန်းတွေကသူတို့ဆီကို ရောက်လာသည်။
လုရုံရှီလိုထင်ရှားကျော်ကြားတဲ့သူဦးဆောင်ပြောနေတာမို့ တခြားလူတွေကအေးဆေးစွာစောင့်ကြည့်နေသည်။
လုချန်ကျိုးကစိတ်အနှောက်အယှက်ဖြစ်သွားပုံနဲ့နှုတ်ခမ်းကို အနည်းငယ်တန်းတန်းပိတ်လိုက်သည်။
အကဲခတ်မြန်တဲ့ လုယန်ကအမြန်ပဲလုရုံရှီနားသွားလိုက် ကာ..သူမကိုအမြန်တစ်ဘက်ကိုခေါ်သွားလိုက်တော့လုရုံရှီကပိုမခံရပ်နိုင်ဖြစ်သွားကာအော်လိုက်သည်။
"လုယန်မိုက်ရိုင်းတဲ့ သတ္တဝါ! နင့်လိုအစေခံကင့ါကို ဘယ်လိုဆက်ဆံနေတာလဲ!"
လုယန်က သူမ တံတောင်ဆစ်ကို လွှတ်လိုက်ပြီး အရပ် ရှည်ပြီးခိုင်မာတဲ့ခန္ဓာကိုယ်နဲ့သူမကိုပိတ်ကာထားလိုက်၏
"တောင်းပန်ပါတယ်..သခင်မလု..."
"ဖယ်စမ်း!" လုရုံရှီကသူ့ကိုဒေါသတကြီးနဲ့ကြီးလိုက်သည်
လုယန်ကတစ်လက်မတောင်မရွေ့ဘဲ..
"ကျွန်တော်ဒီကိုလာတာတိုက်ခိုက်တာတွေကြည့်ဖို့ မဟုတ်ဘူး..."
လုချန်ကျိုးက ရုတ်တရက် စကားပြောလိုက်သည်..သူ့ အကြည့်တွေက အေးစက်နေကာအလေးမထားသလိုပြော လိုက်သည်။
"တကယ်လို့အားလုံးကဘယ်လိုပြုမူသင့်တယ်ဆိုတာကို မသိရင်ကျွန်တော်ကအခမဲ့သင်ပေးဖို့ဝန်မလေးဘူး"
သူ့အသံကခပ်လေးလေးအေးအေးပေမယ့်ထိုထဲမှာမှန်းဆမရတဲ့ကြောက်မက်ဖွယ်ခြိမ်းခြောက်မှုတွေပါနေသည်။
ရုတ်တရက်အားလုံးကတိတ်ဆိတ်သွားသည်။
ခြံဝင်းသည် ငြိမ်သက်ခြင်းကို ပြန်လည်ရရှိခဲ့သည်။
YOU ARE READING
My Wife Slaps People in the Face Online Daily
General Fiction***** Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/content belongs to its rightful author.If you are the original author and would like to remove the content in this site, please...