Chapter 10-U/Z

161 15 0
                                    

ဟဲယွီကစီယာတိုင်ပေါ်လက်တင်ရင်းပေ့ါပါးစွာရယ်မော လိုက်သည်။

"မနေ့ကသူမသူငယ်ချင်းကတိုင်းကျူနေရာမှာဗီအိုင်ဗီခုံရခဲ့ပီးဒေါ်လာသန်းဆယ်နဲ့ချီပြီးလေလံဆွဲခဲ့တယ်..အခုသူမကသနားစရာကောင်းအောင်ဘာလို့ဒေါ်လာ၂၀တန်ဆိုင် ထဲကိုသွားနေတာလဲ?ဈေးပေါတဲ့အဝတ်တွေကဝတ်ရတာ ပိုအဆင်ပြေလို့များလား?"

ဒေါ်လာ ၂၀ဆိုတာ သောက်ရေတစ်ပုလင်းဝယ်ဖို့ လောက် တောင် မလုံလောက်ဘူး။

လုချန်ကျိုးကသူ့မေးစေ့ဖွဖွပွတ်လိုက်သည်။သူ့ဖီးနစ်မျက်လုံးများသည်အနည်းငယ်အေးစက်နေပြီး ပြုံးလိုက်လျှင် သေစေမည့် စိတ်ဝိညာဉ်ကို စုပ်ယူတော့မလိုခံစားမိစေ၏

သူကပေါ့ပါးတဲ့အသံဖြင့်..

"လှတယ်.."

ချင်ဖန်းနဲ့ဟဲယွီကခေါင်းညိတ်ကာသဘောတူရင်းအပြန် အလှန်ပြန်ကြည့်လိုက်သည်။

အစ်ကိုချန်ကသူမကိုစိတ်ဝင်စားနေပုံပဲ။

"သူမကကလေးအမေဖြစ်နေတာနှမြောစရာပဲ"

ချင်ဖန်းကပြောလိုက်သည်။

မီးစိမ်းသွားတော့ဟဲယွီကကားကိုပြန်မောင်းထွက်လိုက် သည်။

...

ကုစီနဲ့ကုမန်ကအထည်တွေရွေးလိုက်သည်။

အမည်းနဲ့အဖြူ..။

စတိုးဆိုင်ရှိ အဖြူအမည်းအဝတ်အစားအားလုံးကို ယူ၍ ငွေရှင်းရန် ကောင်တာသို့ လျှောက်သွားခဲ့သည်။

ဒေါ်လာ 200 ကျော်ဖိုးဝယ်သွားတဲ့အတွက် သူဌေးကပါး စပ်နားရွက်ချိတ်တဲ့အထိအပြုံးတွေပွင့်နေပီး ဆိုင်ရဲ့ထွက် ပေါက်ကိုတောင် လိုက်ပို့ပေးခဲ့တယ်။

အထည်ဆိုင်ရဲ့ဘေးမှာ ကျောပိုးအိတ်တွေကို လျှော့ဈေးနဲ့ ရောင်းတဲ့ ဆိုင်တစ်ခုရှိတယ်။

ကုစီက ကျပန်းအနက်ရောင်ကျောပိုးအိတ်တစ်လုံးကို ကောက်ယူလိုက်ပြီး သူတို့ဝယ်ထားသည့်အဝတ်အစား များအားလုံးကို အပြည့်ထည့်ကာသူ့ပုခုံးမှာလွယ်လိုက်၏

အဲဒိ့နောက်သူတို့နှစ်ဦးကမင်မြို့၏ အကျော်ကြားဆုံး ရှော့ပင်းမောလ်သို့ လျှောက်သွားလိုက်သည်။

My Wife Slaps People in the Face Online DailyWhere stories live. Discover now