Chapter 13 - U/Z

132 13 0
                                    

လုရှန်ကျင်းက လုချန်ကျိုးကို နှုတ်ဆက်လိုက်သည်။

"ချန်ကျိုး.."

ပြောပီးတာနဲ့သူကတံခါးကိုကိုယ်တိုင်ဖွင့်ပေးလိုက်ကာကုမန်ကခေါင်းငုံ့ရင်းကားထဲဝင်ထိုင်လိုက်၏..လုရှန်ကျင်းကတစ်ဘက်ကိုသွားကာကားထဲထိုင်လိုက်ရင်းမေးလိုက် သည်။

"အဘွားဘယ်လိုနေလဲ?"

လုရီကခဏနေတော့မှ ကုမန်ကိုကိုယ်တိုင်တံခါးဖွင့်ပေး ခဲ့တဲ့ ဆဌမသခင်လုရှန်ကျင်းကိုအံ့သြစွာကြည့်နေရာ ကရပ်လိုက်ကာ..စက်ရုပ်လိုကားစက်နှိုးလိုက်သည်။

"စစ်ဆရာဝန်တွေလာကုပေးတယ်..ဒါပေမယ့်သိပ်ကောင်း တဲ့ပုံမပေါ်ဘူး.."

လုချန်ကျိုးကဖြေရင်းကုမန်ကိုတစေ့တစောင်းအကဲခတ် လိုက်သည်။

ကောင်မလေးကဖုန်းသုံးရင်း နောက်ထိုင်ခုံမှာတလှုပ်လှုပ် နဲ့ ထိုင်နေတယ်။ သူမအနေအထိုင်က သက်တောင့်သက် သာ အရှိဆုံး အနေအထားမှာထိုင်နေသကဲ့သို့အင်မတန် ဗရုတ်သုတ်ခဆန်နေသည်။

သို့သော် သူမ၏ အေးစက်သော ရောင်ဝါက မည်သူ့ကိုမျှ စကားမပြောရန် တားနိုင်လောက်အောင်ပင်။

ဒါသူ့ဆဌမဦးလေးပြောတဲ့ဆရာဝန်လား?

လုရှန်ကျင်းကအဘွားအိုနေမကောင်းတာသိလိုက်ရထဲက အမြဲအေးဆေးတည်ငြိမ်နေတဲ့သူဘယ်လိုမှစိတ်မပူဘဲမ နေနိုင်ခဲ့ဘူး။

"လွန်ခဲ့တဲ့ရက်ကအခြေအနေပိုကောင်းလာတယ်ကြား ထားသေးတာကို.. ဘာလို့ချက်ခြင်းပြန်ဆိုးသွားတာလဲ?"

လုချန်ကျိုးကသက်ပြင်းချရင်း.."ကျွန်တော်လဲမသိဘူး"

ကုမန်လက်ကောက်ဝတ်တွင် အနီရောင်တောက်တောက် ရော်ဘာကြိုးကိုသတိပြုမိလိုက်တော့ သူ့မျက်ခုံးတွေကြုံ့ သွားသည်။ လက်ကောက်ဝတ်ပေါ်ရှိ အနီရောင်ကြိုးလေး က သူမ၏ နူးညံ့သိမ်မွေ့သော လက်ကောက်ဝတ်များကို

ထင်ရှားပေါ်လွင်စေသည်။

မော့မကြည့်ဘဲ ကုမန်ကသူမကို စိုက်ကြည့်နေသလို ခံစားရတယ်။

သူ၏ စူးရှသော အကြည့်များကို လျစ်လျူမရှုနိုင်ပေ။

သူမကသူ့အကြည့်ကို မရှောင်ဘဲ သူမကိုယ်သူမ ပိုသက် တောင့်သက်သာရှိသော အနေအထားသို့ပြောင်းကာ ဘာမှမဖြစ်သကဲ့သို့ ဂိမ်းကို ဆက်လက်ကစားခဲ့သည်။

My Wife Slaps People in the Face Online DailyWhere stories live. Discover now