Chapter 1-U/Z

1.5K 46 4
                                    

Unicode

"ဒီမှာငါးသောင်း..အဲဒါဦးလေးမင်းအတွက်လုပ်ပေးနိုင် တာအစွမ်းကုန်ပဲ!"

ကုမန်ကလိုင်ရှောင်းကော်ဖီစားပွဲပေါ်ပစ်တင်ပေးလိုက်တဲ့ ကဒ်ကိုအေးစက်စက်ကြည့်လိုက်သည်။

"ဒါမလိုဘူး..ကျေးဇူးတင်ပါတယ်ဦးလေး"

ဆိုဖာပေါ်တွင်လျော့ရဲစွာထိုင်ချလိုက်ရင်း သူမပေါ့ပေါ့တန် တန်ပဲ ပြောလိုက်သည်။

လိုင်ရှောင်းနှုတ်ခမ်းတွေကပိုတင်းတင်းစေ့သွားပီးအေး စက်စွာသူမကိုကြည့်လိုက်ပြီး..

"မလိုဘူး?ဒီတော့ကုစီအတွက်လဲမလိုဘူးပေါ့?"

ကုမန်ကသူမလက်ထဲကကစားစရာသေနတ်ကိုလှည့်ပတ် ကစားနေသည်။

"ကျွန်မမောင်ကိုကျွန်မဘာသာဂရုစိုက်လိုက်ပါ့မယ်.. ဦးလေးသာ..ကုရင်ကိုဦးလေးနဲ့အတူခေါ်သွားပါ"

လိုင်ရှောင်းမျက်နှာကတွန့်သွားသည်။

"နင်ကသူ့ကိုဂရုစိုက်မယ်?ဘာနဲ့လဲ? နင့်မှာပိုက်ဆံရှိလား? အထက်တန်းကျောင်းတောင်မပီးသေးတဲ့နင့်နောက်လိုက် ပီးအလုပ်လုပ်ရမှာလား?"

မိသားစုအတွက် ဘယ်လောက် ရှက်စရာကောင်းလဲ!

ကုမန်တွေကဒေါသပါတဲ့အပြုံးတွေနဲ့ကွေးသွားပီးမထေ မဲ့မြင်ပုံစံနဲ့ပြန်ပြောလိုက်သည်။

"ပိုက်ဆံ?ကျွန်မှာနည်းနည်းရှိတယ်။ ဒီပိုက်ဆံတွေကို ကုရင်အတွက်ပဲဦးလေးသိမ်းထားလိုက်ပါ"

လိုင်ရှောင်းကထူးချွန်ထက်မြက်တဲ့အသွင်သဏ္ဍာန်နဲ့လူဆိုးလမ်းကိုလျှောက်နေတဲ့သူ့တူမကိုမျက်ခုံးတွန့်ပြီးတော့ ကြည့်လိုက်သည်။ ကုမန်မွေးတုန်းကသူမကြီးလာရင်အ ရမ်းလှတဲ့မိန်းကလေးဖြစ်လာမှာအားလုံးသိတယ်..သူလဲ လှပတဲ့တူမလေးကိုအရမ်းချစ်ခဲ့တယ်။ဒါပေမယ့်သူမက အသက်ကြီးလာလေစိတ်ဓါတ်ကပိုဆိုးလာလေပဲ။

သူမကအကြီးဆုံးကလေးဆိုပေမယ့်သူမရဲ့အငယ်တွေကို ဘယ်တော့မှသင့်တင့်စွာမပေါင်းဘဲသူမပစ္စည်းကိုထိတိုင်း အမြဲအေးစက်နက်မှောင်တဲ့မျက်ဝန်းနဲ့တင်းတင်းမာမာ စိုက်ကြည့်တက်သည်။

My Wife Slaps People in the Face Online DailyWhere stories live. Discover now